
ရီးရဲလ်မက်ဒရစ်အသင်းဟာ ဆားဘီယားတိုက်စစ်မှူး လူကာဂျိုဗစ်ကို ဂျာမန်ကလပ် ဖရန့်ဖတ်ကနေ ယူရိုသန်း ၆၀ နဲ့ ခေါ်ယူဖို့ သဘောတူညီချက် ရသွားပါတယ်။ အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူး ဂျိုဗစ်ဟာ ဖရန့်ဖတ်အသင်းကို ယူရိုပါလိဂ်မှာ ဆီမီးဖိုင်နယ်အဆင့်အထိ ရောက်အောင် ကူညီနိုင်ခဲ့ပြီး ၁၀ ဂိုး သွင်းယူထားပါတယ်။ စပိန်ကလာတဲ့ သတင်းတွေမှာတော့ ရီးရဲလ်မက်ဒရစ်အသင်းဟာ အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူးကို လာမယ့်အပတ်ထဲမှာ တရားဝင်မိတ်ဆက်ပွဲ ပြုလုပ်သွားဖို့ ရှိတယ်လို့ ဖော်ပြထားပါတယ်။ တိုက်စစ်မှူး ဂျိုဗစ်ဟာ ဆားဘီးယား လက်ရွေးစင်အသင်းအတွက် ၁၃ ပွဲ ကစားထားပါတယ်။
No comments:
Post a Comment