
ရှန်ဟိုင်းတွင် အထပ်နိမ့် အဆောက်အအုံတစ်ခုပြိုကျရာ သေဆုံးသူ ၁၀ ဦးရှိနေပြီဖြစ်ကြောင်း လက်ရှိအချိန်အထိစာရင်းရရှိသည်။ ပြိုကျသည့်အပျက်အစီးများထဲတွင် လူ ၂၅ ဦးပိနေသည်ကိုတွေ့သဖြင့် ကယ်ဆယ်ခဲ့သော်လည်း ယင်းတို့အထဲမှ ၁၀ ဦးမှာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူတို့ကပြောသည်။ ယင်းအဆောက်အအုံမှာ ပြန်လည်ပြင်ဆင်နေဆဲတွင် ယမန်နေ့ နေ့လည်ပိုင်းကပြိုကျခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ပျောက်ဆုံး ဒဏ်ရာရရှိသူများနှင့်ပတ်သက်၍ သက်ဆိုင်ရာ မြို့တော်အစိုးရက လူမှုကွန်ရက်တွင် ကြေညာထားခြင်းမှာ ရှင်းရှင်းလင်းမရေးသားထားချေ။ ”ကယ်ဆယ်ရေးဆိုင်ရာ အခြေခံလုပ်ငန်းများကို ဆောင်ရွက်ပြီးစီးကြောင်း”ကိုတော့ ထည့်သွင်းရေးသားထားသည်။
No comments:
Post a Comment