ဝီလ်ဆင်နှင့် မာလုန်းတို့ကလည်း ဒါဘီအ တွက် ဂိုးများသွင်းယူသည်။ ယင်းနှင့်အတူ လမ်းပတ်၏ ဒါဘီအသင်းသည် ချန်ပီယံရှစ်ရှုံး ထွက်ပွဲစဉ်တွင် အိမ်ကွင်း၌ ပအ ကျော့ရှုံးနိမ့်ပြီး (၁-၀ ဂိုး) နောက် ဒုတိယအကျော့တွင် ရလဒ် ပြောင်းပြန်လှန်နိုင်သည့် ပထမ ဆုံးအသင်းဖြစ်လာသည်။
ဒါလီကောင်တီသည် အက် စတွန်ဗီလာအသင်းနှင့် ရှုံးထွက် ဗိုလ်လုပွဲ ကစားရမည်ဖြစ်ကာ အ နိုင်ရသည့်အသင်းသည် ပရီးမီး ယားလိဂ်သို့ တန်းတက်ခွင့်ရမည် ဖြစ်သည်။ ဒါဘီကောင်တီ၏ လိဒ်စ်အ ပေါ် နိုင်ပွဲသည် မိမိ၏ ကစားသ မားဘဝတွင် ရရှိသောအောင် မြင်မှုများနှင့် နှိုင်းယှဉ်နိုင်သည်ဟု လမ်းပတ်က ပြောသည်။
လမ်းပတ် (၄၀) နှစ်သည် ၂၀၁၇ တွင် ကစားသမားဘဝမှ အနားယူပြီး ဒါဘီကောင်တီ၌ နည်းပြအလုပ်စတင်ခဲ့သည်။ ရာသီအစက အခြေအနေ နှင့် နှိုင်းယှဉ်လျှင် ယနေ့ည မိမိတို့ ထိုနေရာ ရောက်လာခြင်းသည် အလွန်ကွာခြားပြီဖြစ်ကာ ကစား သမားများမှာ သူရဲကောင်းများ ဖြစ်သည်ဟု လမ်းပတ်က အားရ ဝမ်းသာပြောကြားသည်။ မန်နေ ဂျာတစ်ဦး၏ဖိအားမှ ကစားသ မားတစ်ဦးထက် များစွာပြင်းထန် ပြီး မိမိအနေဖြင့် ယခုအခွင့်အရေး ကို အလွန်အမင်း လိုအပ်ခဲ့သည် ဟု လမ်းပတ်ကဆက်လက်ပြော သည်။
No comments:
Post a Comment