ယင်းဇာတ်ကားသည် စာ ရေးဆရာတင်ညွန့်၏ ရိုးမပေါ်ကျ တဲ့မျက်ရည်ဝတ္ထုကို ရုပ်ရှင်အဖြစ် အသက်သွင်းခြင်းဖြစ်ပြီး ဒါရိုက် တာကိုပေါက်က ပုံဖော်ရိုက်ကူး မည်ဖြစ်သကဲ့သို့ သရုပ်ဆောင် အနေဖြင့် ၎င်းအပါအ၀င် မြင့် မြတ်၊ ထူးအောင်၊ ကောင်းမြတ် စံ၊ လင်းအောင်ခေတ်၊ အိန္ဒြာ ကျော်ဇင်၊ ခိုင်သင်းကြည်၊ မေ မြင့်မိုရ်နှင့် အခြားသရုပ်ဆောင် များစွာ ပါဝင်မည်ဖြစ်သည်။
‘‘အကယ်ဒမီများရှင်တွေနဲ့ တွဲဖက်ရိုက်ကူးရမှာဆိုတော့ ရှိန် တာရှိတယ်။ ပြီးတော့ အတွေ့အ ကြုံတွေလည်း အများကြီးယူရ မယ်။ လေ့လာသင်ယူရမယ့်အ ပိုင်းတွေလည်း အများကြီးရှိ တယ်။ သူတို့နဲ့တွဲသရုပ်ဆောင်ရ မယ်ဆိုတော့ အရမ်းလည်း ၀မ်း သာမိပါတယ်။ ဒီကားက ကျွန် တော်ပထမဆုံးစရိုက်မှာဆိုတော့ ဇာတ်လမ်းတွဲနဲ့ကွာခြားမှုကို သိပ် မသိသေးဘူး။ မတူကွဲပြားတာ တစ်ခုကိုတော့ ပရိသတ်တွေရ လိမ့်မယ်လို့ မျှော်လင့်ပါတယ်’’ ဟု အောင်ရေချမ်းကပြောသည်။
အောင်ရေချမ်းသည် MRTV-4 နှင့်လက်တွဲကာ ဇာတ် လမ်းတွဲများရိုက်ကူးနေသကဲ့သို့ ယင်းဇာတ်လမ်းတွဲများမှတစ် ဆင့် ပရိသတ်အားပေးမှုရရှိပြီး လက်ရှိတွင် ဘိုဘိုရုပ်ရှင်ထုတ် လုပ်ရေးနှင့် ဇာတ်ကားငါးကား စာချုပ်ထားသည်ဟုဆိုသည်။
‘‘ကျွန်တော်သရုပ်ဆောင် တစ်ယောက်အနေနဲ့ ပြောရရင် ဘယ်ဟာမဆို တာဝန်ကြီးတယ်။ ဇာတ်လမ်းတွဲကနေ ရုပ်ရှင်ဘက် ကူးတယ်ဆိုတာ အရမ်းလည်း ခက်ခဲတယ်။ ရောက်လည်း ရောက်ချင်တယ်။ အခုရုပ်ရှင် ဘက်ကို ရောက်လာပြီဆိုတော့ ဖြစ်ချင်တယ်’’ ဟု ၎င်းကဆိုသည်။
ယင်းဇာတ်ကားအပြီးတွင် ခသုံးလုံး ထုတ်လုပ်ရေးနှင့် MRTV-4 မှ နိယျာယနထုတ်လုပ် ရေးတို့ပူးပေါင်းကာ စာရေးဆရာ မခင်ခင်ထူး၏ ဆူးပန်းခွေသွယ် ဘယက်နှင့် ပေရွက်လိပ်နား တောင်းဆင် ၀တ္ထုကို ဇာတ်လမ်း တွဲအဖြစ် ပုံဖော်ရာတွင် ပါဝင် ရိုက်ကူးမည်ဖြစ်သည်။
‘‘ကိုခန့်၊ ကျွန်တော်၊ မခိုင် ကြီး၊ မခိုင်လေးရယ်ပါ။ အဲဒီထဲ မှာ အင်ဂျင်နီယာတစ်ယောက်ပုံစံ ပါဝင်သရုပ်ဆောင်ရမယ်လို့ အ ကြမ်းဖျင်းသိထားပါတယ်’’ ဟု ၎င်းကဆိုသည်။ ဇာတ်လမ်းတွဲများကစတင် ၍ ပရိသတ်အားပေးမှုရရှိသည့် အောင်ရေချမ်းသည် ရုပ်ရှင်ဇာတ် ကားများတွင် ကာရိုက်တာပိုင်းကို ရွေးချယ်လက်ခံဖြစ်သည်ဟုဆို သည်။
No comments:
Post a Comment