
ယင်းတို့မှလွဲ၍ အခြားသော သတင်းအချက်အလက်များ ယိုစိမ့်မှုမရှိဟုဆိုသည်။ စင်ကာပူနိုင်ငံကြက်ခြေနီအသင်း၏ အခြားသော အချက်အလက်အခြေခံစနစ်မှာမူ ဖောက်ထွင်းဝင်ရောက်ခံရခြင်းမရှိချေ။
ယခုကဲ့သို့ အင်တာနက်ဝက်ဆိုက် ဖောက်ထွင်းခံရခြင်းကို စင်ကာပူနိုင်ငံ ကြက်ခြေနီအသင်းက မေလ ၁၆ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်ခဲသည်။
”စင်ကာပူနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ယခုကိစ္စကို အထူးအရေးယူဆောင်ရွက်လျှက်ရှိကြောင်း၊ ပြင်ပကျွမ်းကျင်သူများ၏ အကူအညီများကိုပါရယူကာ အင်တာနက်ဝက်ဆိုက်ကို ခွင့်ပြုချက်မရှိပဲ ဖောက်ထွင်းဝင်ရောက်သွားသူတို့၏ တည်နေရာအတိအကျကို သိရစေရန် စုံစမ်းရှာဖွေနေကြောင်း”တို့ကို ယင်း သတင်းထုတ်ပြန်ချက်တွင်ရေးသားထားသည်။
လက်ရှိတွင်မူ ယာယီအင်တာနက်စာမျက်နှာတစ်ခုကို အရေးပေါ်ပြုလုပ်ပေးထားပြီးလုံခြုံရေးဆိုင်ရာစစ်ဆေးပြုပြင်မှုများပြီးစီးသည်တွင် ယင်း အင်တာနက်ဝက်ဆိုက်ကို ပြန်လည်တင်လွှင့်ပေးမည်ဟုကြေညာထားသည်။
လက်ရှိအချိန်တွင်မူ အဆိုပါ အင်တာနက်ဝက်ဆိုက်သည် ပြုပြင်မွမ်းမံဆဲအခြေအနေတွင်သာရှိနေသေးပြီး ”Website Under Maintenance. We apologise for any inconvenience caused”ဟု စာတန်းထိုးထားသည်။ သက်ဆိုင်ရာ ရဲတပ်ဖွဲ့တို့ကလည်း စုံစမ်းဖော်ထုတ်မှုများကို ပြုလုပ်နေကြောင်း သတင်းထုတ်ပြန်သည်။
No comments:
Post a Comment