ထိုင်းနိုင်ငံအာဏာပိုင်များ က နိုင်ငံ့လုံခြုံရေးနှင့်ရာဇဝတ်မှုပပျောက်ရေး ဆောင်ရွက်နေ ခြင်းဖြစ်၍ ရွှေ့ပြောင်းမြန်မာလုပ် သားများအနေဖြင့် တရားဝင်အ ထောက်အထားစာရွက်စာတမ်း များဖြင့် နေထိုင်အလုပ်လုပ်ကိုင် ရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးစန်း မောင်ဦးက ပြောသည်။
‘‘ထိုင်းနိုင်ငံထဲကို တရား မ၀င်အလုပ်သမားတွေ နေ့စဉ်ဆို သလို ၀င်လာနေတဲ့အတွက် တာ ၀န်ရှိသူတွေက ထိုင်းနိုင်ငံလုံခြုံ ရေးနဲ့ တရားမ၀င်အလုပ်သမား ပပျောက်စေရေးဆိုပြီးတော့ ရာဇ ၀တ်မှုကိစ္စရပ်တွေ ပပျောက် အောင် အခုလိုမျိုးအလုပ်ရုံနေ ရာတွေနဲ့ နိုင်ငံခြားသားအလုပ်သ မားတွေ အနေများတဲ့နေရာတွေ ကိုမကြာခဏ စစ်ဆေးတာတွေ ပြုလုပ်နေတာဖြစ်တယ်’’ဟု ဦး စန်းမောင်ဦးက ပြောသည်။
မေလ ၁၁ ရက်ကလည်း ဆုန်ခလာခရိုင်ရှိ တောတွင်း၌ပုန်း ခိုနေသော တရားမဝင်မြန်မာလုပ် သား ၂၇ဦးကို ထိုင်းရဲတပ်ဖွဲ့က တွေ့ရှိ၍ ဖမ်းဆီးထားသည်။
ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သားများအနက် မြန်မာလုပ် သားခြောက်သိန်းခန့် ကိုင်ဆောင် ထားသော မည်သူမည်ဝါဖြစ် ကြောင်းသက်သေခံလက်မှတ် (CI) သည် ၂၀၂၀ မတ်လ ၃၁ ရက်တွင် သက်တမ်းကုန်းဆုံးမည် ဖြစ်၍ CI လက်မှတ်ကို ထိုင်းအစိုး ရက သက်တမ်းကိုးလတိုးပေးခဲ့ ကြောင်း ဦးစန်းမောင်ဦးက ပြော သည်။
CI လက်မှတ် ကိုင်ဆောင် ထားသော မြန်မာလုပ်သားများ သည် ထိုကာလအတွင်း နှစ်နိုင် ငံသဘောတူစာချုပ် MoU U Turn စနစ်ဖြင့် ပြန်လည်ဝင် ရောက် လုပ်ကိုင်ရမည်ဖြစ် ကြောင်း ဦးစန်းမောင်ဦးက ပြော သည်။ ထို့အပြင် ရွှေ့ပြောင်းအလုပ် သမားများအားလုံးကို MoU စနစ် ဖြင့် ဆောင်ရွက်ရမည်ဖြစ်သော ကြောင့် ထိုင်းနိုင်ငံမူဝါဒနှင့် MoU U Turn ကို အဆင်အပြေဆုံးဖြစ် အောင်လုပ်ငန်းစဉ်များ လျှော့ချ ခြင်း၊ စာချုပ်ချုပ်ဆိုသည့်စခန်း များ ထပ်မံတိုးမြှင့်ဖွင့်လှစ်ဆောင် ရွက်ခြင်းနှင့် ရရှိပြီးသောအချိန် ကာလထက် ထပ်မံတိုးမြှင့်နေထိုင် အလုပ်လုပ်ကိုင်ခွင့်ရရှိရေး မြန် မာနိုင်ငံတော်အစိုးရက ထုတ်ပေး ထားသော အထောက်အထား တစ်ခုခုကို ကိုင်ဆောင်၍ MoU စာချုပ်ချုပ်ဆိုနိုင်ရန် သက်ဆိုင် ရာအစည်းအဝေးများတွင် ထပ်မံ ဆွေးနွေးဆောင်ရွက်မည်ဖြစ် ကြောင်း မြန်မာအလုပ်သမားသံ အရာရှိရုံးက ထုတ်ပြန်ထားသည်။
No comments:
Post a Comment