
ဒီနှစ်ကုန်ပိုင်းမှာ တစ်နိုင်ငံလုံးရဲ့ လျှပ်စစ်လိုအပ်ချက်ကို ၅၀ ရာခိုင်နှုန်းအထိ ဖြည့်ပေးနိုင်မယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ဒီကနေ့ မေလ ၁၇ ရက်နေ့ ကျောက်ဆည်၊ ဘဲလင်း ၁၄၅ မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံဖွင့်ပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။ အခု ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှာ တစ်နိုင်ငံလုံးရဲ့ လျှပ်စစ် လိုအပ်ချက်ကို ၅၀ ရာခိုင်နှုန်းအထိ ဖြည့်ပေးနိုင်မှာဖြစ်ပြီး မကြာခင်မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လျှပ်စစ်လိုအပ်ချက် ၁၀၀ ရာခိုင်နှုန်း အပြည့်ရဖို့ ကြိုးစားနေကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
No comments:
Post a Comment