မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရိုးဂိုးကျေးရွာတွင် ဇွန် ၁၈ ရက် နံနက်ပိုင်းတွင် လေဆင်နှာမောင်း တိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး မော်လမြိုင်-မုဒုံသွား ကားလမ်းဘေးရှိ Neo More အာဟာရဓာတ်စာ ကုမ္ပဏီအဆောက်အအုံ အမိုးလန် ပျက်စီးမှုဖြစ်ပေါ်ခဲ့သည်။ အဆိုပါလေဆင်နှာမောင်း တိုက်ခတ်မှု ကြောင့် ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် အဆောက်အအုံအား အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်သားများက သွားရောက်၍ အမိုးသွပ်များ ဖယ်ရှားရှင်းလင်းခြင်း၊ ဖရိန်သံချောင်းများ စနစ်တကျဖြုတ်သိမ်းပေးခြင်းနှင့် အဆောက်အအုံအတွင်းရှိ ပစ္စည်းများအား မိုးလွတ်ရာသို့ ရွှေ့ပြောင်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းရရှိသည်။
Pages
Thursday, June 20, 2019
မော်လမြိုင်မြို့၊ ရိုးဂိုးကျေးရွာတွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရိုးဂိုးကျေးရွာတွင် ဇွန် ၁၈ ရက် နံနက်ပိုင်းတွင် လေဆင်နှာမောင်း တိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး မော်လမြိုင်-မုဒုံသွား ကားလမ်းဘေးရှိ Neo More အာဟာရဓာတ်စာ ကုမ္ပဏီအဆောက်အအုံ အမိုးလန် ပျက်စီးမှုဖြစ်ပေါ်ခဲ့သည်။ အဆိုပါလေဆင်နှာမောင်း တိုက်ခတ်မှု ကြောင့် ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် အဆောက်အအုံအား အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်သားများက သွားရောက်၍ အမိုးသွပ်များ ဖယ်ရှားရှင်းလင်းခြင်း၊ ဖရိန်သံချောင်းများ စနစ်တကျဖြုတ်သိမ်းပေးခြင်းနှင့် အဆောက်အအုံအတွင်းရှိ ပစ္စည်းများအား မိုးလွတ်ရာသို့ ရွှေ့ပြောင်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းရရှိသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment