‘‘လိုက်ဖက်အောင် အဓိက mood သွင်းလိုက်တာပေါ့။ ဆိုဖီ ယာနဲ့ သူနဲ့တိုင်ပင်စရာကိုမလို ဘဲနဲ့ကို ကွက်တိဖြစ်သွားတာပေါ့။ ပရိသတ်တွေလည်း မြင်တော့မြင် ရမှာပါ။ မြူးဇစ်ဗီဒီယိုကြည့်ရင် သိကြမှာ၊ နှစ်ယောက်က လိုနေ တာမရှိဘူးဖြစ်နေတယ်။ သရုပ် ဆောင်တာတွေကလေ။ မိုးသူရ ကို ရွေးဖြစ်တာက သူ့အရပ်နဲ့ သူ့ သွင်ပြင်လက္ခဏာက မြန်မာနဲ့ မတူဘူး။ ပြီးတော့အရင်ကတည်း ကလည်း သိနေတာကြောင့်လည်း ပါတယ်။ အဲဒါကြောင့် သူနဲ့ရိုက် ဖြစ်သွားတာပါ’’ ဟု ၎င်းက ပြော သည်။
ယင်းမြူးဇစ်ဗီဒီယိုကို အား ပေးသူများရှိသလို ဝေဖန်သူများ လည်းရှိသော်လည်း အားလုံးကို ကျေးဇူးတင်ကြောင်း သရုပ် ဆောင်မိုးသူရက ပြောသည်။ ‘‘ရေချိုးခန်းထဲက ဇာတ်ဝင် ခန်းတွေ သရုပ်ဆောင်ရတာတော့ ရှက်တယ်။ ပရိသတ်ဆီကပြန် ကြားရတာကတော့ ၅၀-၅၀ ပေါ့။ ကောင်းတယ်ပြောတဲ့သူ လည်းရှိတယ်၊ မကြိုက်လို့ဝေဖန် တဲ့သူလည်းရှိတယ်။ ကျွန်တော် လည်း ဒါရိုက်တာပြောတဲ့အတိုင်း အကောင်းဆုံးကြိုးစားပြီး သရုပ် ဆောင်ခဲ့တာပါ။ ထပ်တူကျသွား တယ်ထင်ပါတယ်’’ ဟု မိုးသူရက ပြောသည်။
No comments:
Post a Comment