အဆိုပါလမ်းပိုင်းသစ်ကို ‘အောင်ဆန်းစုကြည်လမ်း’ ဟု အ မည်ပေးရန် စိတ်ကူးထားကြောင်း ပြောဆိုမှုရှိသော်လည်း လတ်တ လောတွင် ယင်းအမည်ပေးရန် ရွက်ဆောင်ရမည့်အဆင့်များရှိ သေးကြောင်း ကော်မတီဝင်တစ် ဦးက ပြန်လည်ဖြေကြားသည်။ ‘‘လမ်းနာမည်ကတော့ ကျွန် တော့်ရင်ထဲမှာ ပေးပြီးသားပါ။ ပြည်သူတွေလည်း ရင်ထဲမှာရှိတဲ့ နာမည်ကိုခေါ်ကြပါ’’ ဟု မြို့ တော်ဝန်ဒေါက်တာရဲလွင်က ပြောကြားသည်။
၃၈ လမ်းပိုင်းအသစ်သည် သမိုင်းတွင် မှတ်ကျောက်တစ်ခု အဖြစ် ထားခဲ့နိုင်သည့်လမ်းဖြစ် ကြောင်း မြို့တော်ဝန်က ပြော သည်။ မန္တလေးမြို့ မဟာအောင် မြေမြို့နယ်အတွင်း ၃၈ လမ်း၊ ၇၃ လမ်းနှင့် ၇၈ လမ်းကြားသည် နယ်မြေခံတပ်ဧရိယာအတွင်း ပါ ၀င်ပြီး လမ်းအပိတ်တစ်ခုအဖြစ် ရှိနေသည်။
ယာဉ်ကြောစီးဆင်းမှုပိုမိုမြန် ဆန်စေရန် အဆိုပါလမ်းပိတ်ကို လမ်းပိုင်း ဖောက်လုပ်နိုင်ရန် ၂၀၁၃ ခန့်က စတင်ကြိုးပမ်းခဲ့ပြီး လက်ရှိအစိုးရလက်ထက် ၂၀၁၇ ဇန်န၀ါရီတွင် နယ်မြေခံတပ်က လမ်းမြေဧရိယာလှူဒါန်းခဲ့သည်။ ၃၈ လမ်းသည် ပေ ၂,၆၀၀ ရှည်လျားပြီး လမ်းအကျယ် ပေ ၆၀ နှင့်ပလက်ဖောင်းဧရိယာ ခြောက်ပေကျယ်ဝန်းသည့် အဆို ပါလမ်းကို ဘတ်ဂျက်ငွေကျပ် သန်းတစ်ထောင်ခန့် အသုံးပြု ဖောက်လုပ်ခဲ့သည်။
No comments:
Post a Comment