
မန်းရွှေစက်တော်ဘုရား အောက်စက်တော်ရာရှိ မြတ်စွာဘုရား ခြေတော်ရာအား ယခင်က ပွဲတော်ပြင်ပကာလတွင် သံမဏိအုပ်ဆောင်းဖြင့် အုပ်ဆောင်းခဲ့ရာ အများပြည်သူ တစ်နှစ်ပတ်လုံးဖူးမြော်ကြည်ညိုနိင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က ၂၀၁၄ ခုနှစ် ဇွန်လ(၁၇) ရက်တွင် မြသလွန်ဘုရားပုံတူ အလင်းပေါက် ဖန်အုပ်ဆောင်းလှူဒါန်းခဲ့ကြောင်း သိရသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ကို အမှူးထားပြီး တပ်မတော် (ကြည်း/ ရေ/ လေ) မိသားစုများနှင့် ဓမ္မမိတ်ဆွေအလှူရှင်များက အလင်းပေါက်ဖန်အုပ်ဆောင်းအပြင် လုံခြုံရေး သံပန်းနှင့် ကျွန်းတိုင်များ အစားထိုးပြီး ဘက်စုံပြုပြင် မွမ်းမံလှူဒါန်းခဲ့ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
No comments:
Post a Comment