
နယူးဇီလန်နိုင်ငံ အရှေ့ဘက် ကမ်းခြေတွင် ဇွန် ၁၉ ရက် အစောပိုင်း တွင် ကားနှင့် ရထားတိုက်မိသည့် အတွက် လူနှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။ Te Puke မြို့အနီး Pongakawaကျောင်းလမ်းအပေါ်တွင် တိုက်မိခဲ့ခြင်းဖြစ်ကာ ဒေသခံရဲတပ်ဖွဲ့က နံနက် ၈း၁၅ နာရီ ဝန်းကျင် တွင် သတင်းရရှိခဲ့ကြောင်း သိရသည်။ အဆိုပါတိုက်မိမှုကြောင့် လူနှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံမီးသတ်တပ်ဖွဲ့နှင့် အရေးပေါ်လူမှုရေးဝန်ဆောင်မှု က အတည်ပြုခဲ့သည့်။ ထိုဖြစ်စဉ်ကြောင့် သေဆုံးခဲ့သူနှစ်ဦး သည် ဒေသခံများ မဟုတ်ကြောင်း ဒေသခံ သတင်းမီဒီယာတွင် ဖော်ပြခဲ့သည်။ မော်တော်ကားများ အားအခင်းဖြစ်ပွားသည့် နေရာအားရှောင်ရှားသွားကြရန် အရေးပေါ်ဝန်ဆောင်မှု အဖွဲ့က တိုက်တွန်းခဲ့သည်။
No comments:
Post a Comment