
ဈေးသည်တွေမသိဘဲ ကုမ္ပဏီနဲ့ ချုပ်ဆိုထားတဲ့စာချုပ်ကို ပယ်ဖျက်ရေး၊ ရန်ကုန်မြို့ရှိ အခြားဈေးတွေနဲ့အတူ မူလနေရာဖြစ်တဲ့ စည်ပင်သာယာလက်အောက်မှာပဲ နေစေရေး၊ ရပ်ဆိုင်းထားတဲ့အခွန်တွေ ပုံမှန်ပြန်လည် ဆောင်ရွက်ခွင့်ရရေး၊ တညင်းကုန်းဈေးဟောင်းကို မူလနေရာမှာဘဲ အဆင်မြှင့်ပေးရေး၊ အများပြည်သူတွေရဲ့ဘ၀တွေ ကုမ္ပဏီလက်အောက် မရောက်ရှိရေးတဲ့ ဗီနိုင်းပိုစတာတွေ ကိုင်ဆောင်ပြီး ကြွေးကြော်သံတွေနဲ့ ဈေးသည်တွေက ဆန္ဒဖော် ထုတ်ခဲ့ကြပါတယ်။
တညင်းကုန်းဈေးဟာ ၁၉၈၅ ခုနှစ်မှာ အင်းစိန်ဘူတာဈေးအနေနဲ့ ရောင်းချခဲ့တာဖြစ်ပြီး ၁၉၉၅ ခုနှစ်မှာ ပြောင်းရွှေ့ရောင်းချခဲ့တာဖြစ်ပါတယ်။
၂၀၀၃ ခုနှစ်မှာ လက်ရှိဈေးသစ် တည်ဆောက်ထားတဲ့နေရာမှာ လက္ကားဈေးသစ် တည်ဆောက်ဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က တင်ဒါခေါ်ယူခဲ့ရာမှာ ဒဂုံအင်တာနေရှင်နယ် ကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ပါတယ်။
အဲဒီကုမ္ပဏီအနေနဲ့ အများပိုင် ကုမ္ပဏီပြုလုပ်ပြီး စီမံကိန်းကာလအဖြစ် လပေါင်း ၃၀ စည်ပင်နဲ့ အကျိုးတူလုပ်ငန်း ဆောင်ရွက်တာဖြစ်ပါတယ်။
No comments:
Post a Comment