
ကျွန်တော်တို့က မလဲဖို့ပဲ ဆိုင်ကယ် ထိန်းစီးနေရတာ။ ဆိုင်ကယ်လဲတယ်ဆိုရင် သေဖို့လမ်းပဲ ရှိတယ်။ အခုအချိန်အထိ ပြင်ပေးတာ မရှိသေးဘူး။ အခုဒီနေရာလေးကို စက်ကြီးလောက်နဲ့ ဖယ်ပေးမှ အဆင်ပြေမယ်။ လူအင်အားနဲ့တော့ မြေစာပေါ် လမ်းဖော်ရတာဆိုတော့ ခဏလေးပဲ။ မိုးကျရင် လမ်းပျောက်သွားတာ။ မိုးရွာရင် ပိုဆိုးလာမယ်။ မနေ့ နှစ်ရက်က နေသာတော့ ဆိုင်ကယ်လမ်း ဖောက်နိုင်တယ်။ ထပ်ဖြည့်ပြောချင်တာက ကျွန်တော်တို့က သာရေး နာရေးအတွက်ရော၊ ပြည်သူတွေက မြို့ပေါ်မှာ ဝမ်းစာရေးအတွက်လည်း သွားနေရတော့ ဒီလမ်းကို ပြန်ဖောက်ပေးဖို့ လိုလားနေပါတယ်။ ဘယ်အဖွဲ့တွေကဖြစ်ဖြစ်၊ အစိုးရကဖြစ်ဖြစ်ပေါ့။ ပြိုကျနေတဲ့ မြေစာတွေရှင်းပေးပြီး လမ်းပြန်ဖောက်ပေးရင် အဆင်ပြေသွားမှာပါ” ဟု မတူပီမြို့ခံ ကိုဇာလျန်းက ပြောကြားသည် ။
အဆိုပါလမ်းသည် မတူပီမြို့ အနောက်ဘက် မတူပီမြို့နှင့် လိုင်လွန်းပီမြို့ ဆက်သွယ်သည့် ကားလမ်းဖြစ်ပြီး ဇွန် ၁၁ ရက်မှစ၍ လမ်းပြိုကျမှု ဖြစ်ပွားခဲ့ပြီး ယနေ့အထိ ရှင်းလင်းပေးခြင်း မရှိသေးဟု သိရသည်။
“လမ်းတွေက အခုထိ သွားမရသေးဘူး။ လမ်းပျက်တဲ့နေရာတွေက ဆိုင်ကယ် တွေ မ ပြီးလာရတယ်။ လမ်းဆိုးတုန်းပဲ။ အခုနေရာ က လူအင်အားနဲ့ပြင်မယ်ဆိုရင်လည်း အဆင် မပြေဘူး” ဟု ဒေသခံတစ်ဦးက ပြောကြားခဲ့ သည်။
အဆိုပါလမ်းသည် ကျေးရွာအုပ်စု ခြောက်အုပ်စုမှ ဒေသခံများ အသုံးပြုလျက်ရှိသည့် လမ်းဖြစ်ပြီး ကျေးရွာများမှ သာရေး၊ နာရေး၊ ဈေးဝယ်ခြင်းအပြင် ကျောင်းတက်ခြင်းများအတွက် အသုံးပြုနေရသော လမ်းဖြစ်ကာ ပြုပြင်ပေးမှု မရှိသောကြောင့် ခက်ခဲစွာ သွားလာနေကြရသည်ဟု သိရသည်။
No comments:
Post a Comment