ဒါရိုက်တာမောင်မျိုးမင်းနှင့် အနုပညာရှင်များပါဝင်သည့် နှင်း ဆီရင်ခွင်အဖွဲ့ကလည်း ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဒေါ် အောင်ဆန်းစုကြည်သက်ရှည် ကျန်းမာရန်နှင့် တရားထူးတရား မြတ်များရရှိရန် ဆုတောင်းစကား ရေးသားထားသည်။
ထို့အတူအောင်ဆန်းရုပ်ရှင် ကိုဒါရိုက်တာအဖြစ် ရိုက်ကူးမည့် လူမင်းကလည်း ဒေါ်အောင်ဆန်း စုကြည်၏ ဘ၀ဖြတ်သန်းမှုပုံများ ကို စုစည်းထားသည့် ဓာတ်ပုံတစ် ပုံနှင့်အတူအမေ (သို့မဟုတ်) စကားလုံးမရှိတဲ့ ကောင်းကင်ဟု ရေးသား၍ ဖေ့စ်ဘွတ်ခ်တွင် ဖော် ပြထားသည်။
အဆိုတော် သျှီကလည်း ဒေါ်အောင်ဆန်းစုကြည်သက် ရှည်ကျန်းမာစေလိုကြောင်း ဆု တောင်းနှင့်အတူ မွေးနေ့ဆု တောင်းကဗျာတစ်ပုဒ်ကို ရေး သားထားသည်။
‘‘အိုဘယ့်အမေပန်းသော် လည်း မနွမ်း၊ နွမ်းသော်လည်းမ ကြွေ၊ ပြည်သူတွေရင်အေးစေဖို့ ပူသမျှ သူပယ်၊ ရင်နာလည်း သူ ၀ှက်လို့ ဒဏ်ရာတွေ သူဖွက်ထား တယ်၊ အိုဘယ့်... အမေ၊ တစ် သက်တာဘ၀ကို စတေးလို့၊ ခက် တယ်လို့သူမတွေး၊ ရင်ဆိုင်တယ် အားမန်အပြည့်နဲ့၊ ပြည်သူ သာသူတွေး ရှာတယ်၊ အံ့သြဖွယ် ပန်းတစ်ပွင့် တို့ပြည်မှာ ပွင့်ခဲ့ တယ်လေ’’ ဟု ရေးသားထား သည်။၁၉၈၈−၈၉ ကာလက ဒေါ် အောင်ဆန်းစုကြည်၏ မိန့်ခွန်း ဗီဒီယိုများကိုကိုခိုး၍ ကြည့်ရှုနား ထောင်ခဲ့ရသည့် မိသားစုများတွင် ၎င်းတို့မိသားစုလည်း ပါဝင် ကြောင်း သရုပ်ဆောင်ဇဏ်ခီက ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းစကားတွင် ယင်းအမှတ်တရကို ရေးသားထား သည်။
‘အဖေက သူ့သူငယ်ချင်းဆီ ကအမေ့ရဲ့ မိန့်ခွန်းခွေသစ်တွေ ရလာပြီဆိုရင် တစ်အိမ်လုံးပြ တင်းပေါက်တွေပိတ်၊ ပတ်ဝန်း ကျင်အနေအထားကို ထွက် ကြည့်၊ စိတ်ချရလောက်ပြီဆိုရင် မိသားစုတွေ TV အရှေ့မှာ စုထိုင် ကြပြီး အသံတိုးတိုးနဲ့အခွေကိုဖွင့် ကြည့်ကြရတယ်။ အမေ့အသံ ကြားတာနဲ့ရှိတဲ့ ကြောက်စိတ် ကတစ်ဝက်လောက်ပျောက်သွား ခဲ့တယ်။ အမှန်တရားတွေကို ချက်ကျလက်ကျပြောပြတိုင်း ကြက်သီးတွေထ၊ ရင်ထဲမှာစို့ တက်လာပြီး ၀မ်းသာဝမ်းနည်း စိတ်တွေနဲ့ ပြည့်လျှံနေခဲ့တယ်။ ထုံးစံအတိုင်း အမေ့ရဲ့ဟာသ လေးတွေနဲ့ အရွှန်းဖောက်တဲ့နေ ရာလေးတွေဆိုရင် အားလုံးကို တဟားဟားနဲ့ရယ်အောင်လုပ် ပေးနိုင်ခဲ့တယ်။ အမှန်တရားတွေ ကို အားလုံးရဲ့ရင်ထဲကို ရောက် အောင် သွင်းပေးနိုင်ခဲ့တယ်။ Powerless တွေကို Power ပေး ခဲ့တယ်’ ဟု ဇာဏ်ခီကရေးသား ထားသည်။
ဒါရိုက်တာ ခရစ် (စ) တီး နားခီကလည်း ဒေါ်အောင်ဆန်းစု ကြည်၏ မွေးနေ့အတွက် အောက် ပါအတိုင်း ဆုတောင်းစကားရေး သားထားသည်။
‘မေတ္တာတရားရဲ့ ရောင်ပြန် ဟပ်ခြင်း၊ သစ္စာတရားရဲ့ သက် ၀င်လာခြင်း၊ ဆန္ဒရဲ့စစ်မှန်မှု ကြောင့် ပြည့်ဝလာခြင်း၊များစွာ သော သစ္စာတရား မေတ္တာတရား တို့ကြောင့် ဆန္ဒနဲ့ဘ၀တစ်ထပ် တည်းကျရောက်ပါစေ’ ဟု ရေးသားထားသည်။ ထို့အပြင် ဘ၀၏ အချိန်များကို အကျိုးရှိ စွာအသုံးချနိုင်ရန် လမ်းပြပေး ခဲ့သလို လက်ရှိအချိန်အထိလည်း လမ်းပြပေးနေဆဲ ဖြစ်သော ကြောင့် ဒေါ်အောင်ဆန်းစုကြည် ကို ကျေးဇူးတင်ကြောင်း ရေး သားထားသည်။
ထို့အတူ သရုပ်ဆောင် ဒေါင်းကလည်း ‘၁၉ ဂျွန်ငြိမ်းချမ်း ခြင်းများစွာ၊အလင်းများစွာ၊အနာ ဂတ်များစွာအတွက် မွေးဖွားပေးခဲ့ တဲ့နေ့ အမေစုကျန်းမာချမ်းသာပါ စေလို့ပြည်သူတစ်ယောက်အနေ နဲ့ဆုမွန်ကောင်းတောင်းပါတယ်။ မေတ္တာများစွာဖြင့် အောင်နိုင်ပါ စေတို့အားလုံးရဲ့အမေ’’ ဟု ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အတွက် ဆုတောင်းရေးသားပေး ထားသည်။
အဆိုတော်ဖြူဖြူကျော်သိန်း က ၎င်း၏ဒြပ်စင်သီချင်းကို ဒေါ် အောင်ဆန်းစုကြည်၏ ပုံရိပ်များ ဖြင့်ဖန်တီးထားသည့် ဗီဒီယိုဖိုင် နှင့်အတူ မွေးနေ့ရှင်သက်ရှည် ကျန်းမာအန္တရာယ်ကင်းပါစေဟု ဆုတောင်းပေးထားသည်။
သီချင်းသစ်များကို တင် သည့် Tay Than Thar Music ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဒေါ်အောင်ဆန်းစုကြည်၏ (၇၄) နှစ်ပြည့်မွေးနေ့အတွက် ရည်ရွယ် ၍ တေးရေး၊ တေးဆိုနေ၀ါ၏ အောင်ဆန်းစုကြည်အမည်ဖြင့် သီချင်းကို မွေးနေ့မကျရောက်မီ မိနစ်ပိုင်းအလို၌ တင်ပေးခဲ့ သည်။ လင်းလင်းနှင့် ချစ်သုဝေတို့ မိသားစုက ဒေါ်အောင်ဆန်းစု ကြည်၏ မွေးနေ့တွင် နေပြည် တော်အထိ သွားရောက်တွေ့ဆုံ ပြီး မွေးနေ့နှင့်ပတ်သက်၍ ခံစား ချက်များကို ၎င်းတို့၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာများတွင် ဖော်ပြထား သည်။ ချစ်သုဝေက ၎င်း၏သမီး နှစ်ဦးမွေးဖွားပြီးသည့် အချိန်က တည်းက ရင်သွေးများကိုသာ အချိန်ပေးနေရသောကြောင့် တာ ဝန်မကျေသလို ခံစားရကြောင်း ရေးသားထားသည်။ ထို့အတူ လင်းလင်းကလည်း ဒေါ်အောင် ဆန်းစုကြည်၏ မွေးနေ့အတွက် တစ်နိုင်ငံလုံးမှ ပုံစံအမျိုးမျိုးဖြင့် ဆုတောင်းပေးနေသည်ကို မြင်ရ သည်မှာ ပျော်စရာကောင်း ကြောင်းနှင့် ၂၀၁၅ က ဒေါ်အောင် ဆန်းစုကြည်၏လုံခြုံရေးအတွက် လိုက်ပါဆောင်ရွက်ခဲ့စဉ်က ကြုံ ရသည့် အမှတ်တရကို ရေးသား ထားသည်။
No comments:
Post a Comment