
ပေါ်တူဂီအသင်းဟာ ဆီမီးဖိုင်နယ်မှာ ဆွစ်ဇာလန်ကို ကျော်ဖြတ်လာခဲ့သလို နယ်သာလန်အသင်းကလည်း နာမည်ကြီး အင်္ဂလန်အသင်းကို ဆီမီးဖိုင်နယ်မှာ အနိုင်ယူပြီး နောက်ဆုံး ဗိုလ်လုပွဲ တက်လှမ်းလာတာ ဖြစ်ပါတယ်။
ဒီပွဲမှာ အိမ်ရှင် ပေါ်တူဂီအသင်း ဘောလုံးပိုင်ဆိုင်မှု အသာမရပေမယ့် ထိုးဖောက်ကန်သွင်းခွင့်မှာတော့ အပြတ် အသာရခဲ့ပါတယ်။
ပွဲချိန် ပထမပိုင်းမှာ အိမ်ရှင် ပေါ်တူဂီအသင်း ထိုးဖောက်တိုက်စစ်ဆင် ကစားနိုင်ပေမယ့် လိုအပ်တဲ့ အနိုင်ဂိုးကိုတော့ မသွင်းနိုင်ဘဲ ဂိုးမရှိ သရေကျခဲ့ပါတယ်။
ပေါ်တူဂီအတွက် တလုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲချိန် မိနစ် ၆၀ မှာ ဘာနာဒိုဆေးလ်ဗားရဲ့ ပေးပို့မှုကတဆင့် တိုက်စစ်မှူး ဂူဒက်စ်က အပြင်းကန်သွင်းပြီး ရယူပေးခဲ့ပါတယ်။
ဒီ့နောက် တဖက်နဲ့တဖက် ဂိုးထပ်မသွင်းနိုင်တော့ဘဲ ပထမဆုံးအကြိမ် ကျင်းပတဲ့ နေးရှင်းလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံဆုဖလားကို ပေါ်တူဂီအသင်းက သိမ်းပိုက်သွားပါတယ်။
No comments:
Post a Comment