‘‘ပြိုင်ဘက်တွေကို အလဲထိုး တာက ကျွန်တော်ရဲ့ပုံစံပါ’’ဟု အယ်လ်ဗာရက်ဇ်နှင့် တတိယအကြိမ် ထိုးသတ်ရန် ရည်မှန်းနေသူ ဂိုလော့ဗ်ကင်ကပြောသည်။
၎င်းတို့နှစ်ဦးသည် ၂၀၁၇ က ပထမဆုံးအကြိမ် တွေ့ဆုံမှုတွင် အငြင်းပွားဖွယ် သရေကျခဲ့ပြီး ပြီးခဲ့သည့်နှစ်က ဒုတိယပွဲတွင် အယ်လ်ဗာရက် (၂၈) နှစ်က အ မှတ်ဖြင့် ပွတ်ကာသီကာ အနိုင်ရခဲ့သည်။ ယခုအခါ ဂိုလော့ဗ်ကင်အနေဖြင့် အယ်လ်ဗာရက်ဇ်၏ IBF, WBC နှင့် WBA မစ်ဒယ်ဝိတ်တန်း ခါးပတ်များကို ရယူလိုနေသည်။
‘‘လူတိုင်းသိပါတယ်။ ကျွန် တော် အယ်လ်ဗာရက်ဇ်နဲ့ တတိယ ပွဲ ထိုးသတ်ဖို့အတွက် အဆင်သင့် ဖြစ်နေပါပြီ။ သူ့ကိုခေါ်ပြီး မေး ကြည့်စမ်းပါ။ ကြီးကျယ်တဲ့ လက် ဝှေ့ပွဲကြည့်ချင်တယ်ဆိုရင် သူ့ကို ပြောပြလိုက်ပါ’’ဟု ဂိုလော့ဗ်ကင် က ပြောသည်။
ဂိုလော့ဗ်ကင်က လက်ဝှေ့ ကစားသမားဘဝတွင် ၄၁ ပွဲ ထိုး သတ်ခဲ့ရာ ၃၉ ပွဲနိုင်၊ တစ်ပွဲသရေ ကျပြီး တစ်ပွဲရှုံးနိမ့်ထားစဉ် အယ်လ်ဗာရက်ဇ်က စုစုပေါင်း ၅၅ ပွဲတွင် ၅၂ ပွဲနိုင်၊ နှစ်ပွဲသရေ ကျကာ တစ်ပွဲရှုံးနိမ့်ထားသည်။
No comments:
Post a Comment