ယခုအခါ ဘာတီအနေဖြင့် ၁၉၇၃ က မာဂရက်ကော့တ် နောက်ပိုင်း ရိုလန်ဂါးရို့စ်တစ်ဦး ချင်းဆုဖလား ဆွတ်ခူးနိုင်ခဲ့သော ပထမဆုံး သြစတြေးလျနိုင်ငံသူ ဖြစ်လာသည်။
‘‘ဒါက မယုံကြည်နိုင်စရာပါ။ ဘာပြောရမှန်းတောင် မသိဘူး။ ပြီးပြည့်စုံတဲ့ပွဲတစ်ပွဲ ကျွန်မကစားခဲ့ပါတယ်။ ဒီပြိုင်ပွဲက သြစတြေးလျ တင်းနစ်မယ်တွေအ တွက် အထူးနေရာတစ်ခုပါ။ ရရှိခဲ့တဲ့ အောင်မြင်မှုအပေါ် ကျွန်မဂုဏ်ယူမဆုံးပါဘူး’’ဟု ဘာတီက ပြောသည်။
ဘာတီသည် လာမည့်သီ တင်းပတ်၌ ထုတ်ပြန်မည့် ကမ္ဘာ့ အဆင့်သတ်မှတ်ချက်တွင် အ ဆင့် (၂) နေရာသို့ ရောက်လာ မည်ဖြစ်ပြီး ယင်းမှာ ၁၉၇၆ က အီဗွန်နီဂိုလာဂေါင်းကော်လေး နောက်ပိုင်း ကမ္ဘာ့အဆင့်အမြင့် ဆုံး သြစတြေးလျတင်းနစ်မယ် ဖြစ်လာမည်ဖြစ်သည်။ ရှုံးနိမ့်သော်လည်း မာကီတာက လက်ရှိအဆင့်(၃၈)မှ ထိပ်ဆုံး ၂၀ စာရင်းအတွင်းသို့ ပထမဆုံးအကြိမ် ဝင်ရောက်နိုင်မည်ဖြစ်သည်။
No comments:
Post a Comment