‘‘ကျောင်းတိုက်ကိုဝင်ရှာ တော့ ကျောင်းထိုင်ဘုန်းကြီးက တော့ ထိုင်နေတယ်။ မူးနေတဲ့ပုံစံ ပေါက်တယ်။ သံဃာနှစ်ပါးနဲ့ လူ နှစ်ယောက်ကတော့ ဖဲရိုက်နေ တာ တွေ့ခဲ့တယ်။ လောင်းကြေး ကတော့ မများပါဘူး။ ဆက်ပြီး စစ်တော့ ချဲဒိုင်လက်ခံထားတဲ့ အခန်းကိုတွေ့တယ်။ ချဲဒိုင်ရှိမှန်း မသိဘူး’’ ဟု ချမ်းအေးသာစံမြို့ နယ် သာသနာတော်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ဦးဝီဓူရက မိန့်ကြား သည်။
လောင်းကစားဒိုင်ကို ကျောင်းထိုင်ဆရာတော်က တစ် လလျှင် ကျပ်တစ်သိန်းခွဲဖြင့်လက် ခံထားပြီး ယင်းကျောင်းထိုင်ဆရာ တော်သည် ယခင်ကလည်း မြို့ နယ်သံဃနာယကအဖွဲ့ထံ ပြစ်မှု များဖြင့် ခန်ဝံကတိ ငါးကြိမ်အထိ လက်မှတ်ထိုးထားရကြောင်း ဦးဝီ ဓူရက မိန့်ကြားသည်။
ဖမ်းဆီးရာတွင်လက်ပ်တော့ လေးလုံးနှင့် ဆက်စပ်ပစ္စည်းများ၊ ဘောက်ချာထုတ်စက်နှစ်လုံး၊ ပ ရင်တာတစ်လုံးနှင့် စာရွက်စာ တမ်းများ သိမ်းဆည်းရမိပြီး ချဲ ဒိုင်လုပ်ကိုင်သူများနှင့် ငွေကြေး ဖမ်းဆီးရမိမှုမရှိကြောင်း ဆရာ တော်များက မိန့်ကြားသည်။
လောင်းကစားဒိုင်လက်ခံ ထားသည့် ကျောင်းထိုင်ဆရာ တော်နှင့် ဖဲဝိုင်းတွင် ပါဝင်သည့် သံဃာနှစ်ပါးကို လူဝတ်လဲကာ သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ အပ်နှံပြီး ဖဲဝိုင်းတွင် ပါဝင်သည့် လူနှစ်ဦးကို အရပ်ဘက်ဥပဒေဖြင့် အရေးယူပေးရန် အပ်နှံခဲ့ကြောင်း ဆရာတော်များက မိန့်ကြားသည်။
‘‘ဘုန်းကြီးတို့ကတော့ ကျောင်းတိုက်ထဲမှာ လောင်းက စားဒိုင် လက်ခံတာတွေ မရှိစေ ချင်ဘူး’’ ဟု ဆရာတော်ဦးဓမ္မက မိန့်သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်က မန္တလေးမြို့ ချမ်းအေးသာ စံမြို့နယ် အရှေ့ဆင်တဲတိုက်ရှိ ကျောင်းနှစ်ကျောင်း၌ ဖွင့်လှစ် ထားသည့် လောင်းကစားဒိုင်များ ကို မြို့နယ်သံဃနာယကအဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့သည်။ အဆိုပါအမှုကို စစ်ဆေးဆဲ ဖြစ်ပြီး အမှုဖွင့်ခြင်းမရှိသေး ကြောင်း သက်ဆိုင်ရာနယ်မြေရဲစ ခန်းတာဝန်ရှိသူတစ်ဦးက ဇွန်လ ၈ ရက် ညနေပိုင်းက ပြောသည်။
No comments:
Post a Comment