
“ကူးပါးက သူ့ကိုယ်သူနဲ့ သူ့အနုပညာအလုပ်တွေကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နေတယ်။ စိတ်အနှောင့်အယှက် တွေ မဖြစ်ချင်ဘူး။ ဇာတ်ကားရိုက်ကူးနေတဲ့အချိန်မှာ သူက ဇာတ်ကောင်အတိုင်းပဲ နေချင်တယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။ ရှေ့ခ်နှင့် တွဲခါစတွင် ကူးပါးက ရှေ့ခ်ကို လက်ထပ်ချင်သည့်အကြောင်း မိတ်ဆွေများကို ပြောကြားခဲ့ဖူးသည်ဟု သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ နောက်ပိုင်းတွင် ゞင်းတို့နှစ်ဦးက ကိုယ်ရေးကိုယ်တာ အကြောင်းကို ထုတ်ဖော်ပြောကြားခြင်း မရှိတော့ပေ။ ရှေ့ခ်က ゞင်းတို့၏ အချစ်ရေးအကြောင်း သိုသိပ်ထားရသည်ကို ပိုမိုသဘောကျသည်ဟု ယခုနှစ်ဖေဖော်ဝါရီတွင် Glamour UK မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။ အသက် ၄၃နှစ်အရွယ် ကူးပါးနှင့် အသက် ၃၃ နှစ်အရွယ် ရှေ့ခ်တို့သည် ၂၀၁၅ ခုနှစ်တွင် တွဲခဲ့ကြပြီး ၂၀၁၇ ခုနှစ်တွင် သမီးတစ်ဦး မွေးဖွားခဲ့သည်။
ゞင်းတို့နှစ်ဦး လမ်းခွဲလိုက်ပြီဟု မီဒီယာများတွင် ဖော်ပြခဲ့ပြီးနောက် လေဒီဂါဂါကြောင့် ゞင်းတို့၏ ဆက်ဆံရေး ဆိုးရွားလာသည်ဆိုသော ကောလာဟလများ ထပ်မံထွက်ရှိလာခဲ့သည်။
ယခုနှစ်အော်စကာဆုပေးပွဲတွင် ဂါဂါနှင့် ကူးပါးတို့က Shallow သီချင်းဖြင့် ဖျော်ဖြေခဲ့ပြီးနောက် ゞင်းတို့နှစ်ဦး တွဲနေသည်ဆိုသော ကောလာဟလများ ထွက်ရှိခဲ့သည်။ “ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် လူမှုမီဒီယာဟာ အင်တာနက် အိမ်သာပါပဲ။ လူမှုမီဒီယာဟာ ပေါ့ပ်ယဉ်ကျေးမှုကို ထိခိုက်စေတယ်” ဟု ဂါဂါက ပြောကြားခဲ့ပြီး ယင်းကောလာဟလများကို ငြင်းဆိုခဲ့သည်။ A Star Is Born ဇာတ်ကားတွင် ကူးပါးနှင့်တွဲဖက်သရုပ်ဆောင်ခဲ့သည့် လေဒီဂါဂါက ゞင်းင်းနှင့် စေ့စပ်ထားသည့်ချစ်သူ ခရစ်ရှန်ကာရီနိုနှင့် လမ်းခွဲလိုက်သည့်အကြောင်း အော်စကာဆုပေးပွဲမတိုင်မီ ရက်အနည်းတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
No comments:
Post a Comment