ဆန္ဒထုတ်ဖော်သူများက ‘‘ကန်ထရိုက်ကိုယ်စားလှယ်မရှိ စေရေး၊ ပွဲစားကိုယ်စားလှယ်မရှိ စေရေး၊ ပြည်သူကို မျက်ကွယ်ပြု သော ကိုယ်စားလှယ်များအား အလိုမရှိ’’ဟူသော ကြွေးကြော်သံ များ ကြွေးကြော်၍ ဟောပြောမှု များ ပြုလုပ်ခဲ့သည်။
ယင်းလွှတ်တော်ကိုယ်စား လှယ်နှစ်ဦးသည် ၂၀၁၈-၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုလွှတ် တော်ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း ၁,၀၀၀ ဖြင့် ဆောင်ရွက်သော လုပ်ငန်း ၂၇ ခုအနက် အကျိုးအ မြတ်ရရှိမည့် လုပ်ငန်း ၁၂ ခု ဆောင်ရွက်ရန် ၎င်းတို့နှင့် နီးစပ် သူများကို ကန်ထရိုက်လုပ်ပိုင်ခွင့် များ ချထားပေးခဲ့ကြောင်း ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သည့် ဒီချုပ် မြိတ်ခရိုင် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌဟောင်း ဦးသန်းနွယ် က ရှင်းပြသည်။
‘‘သူတို့ကို အနီးကပ်ပြုစုနေ တဲ့သူတွေကို ချပေးတာ။ ကျွန် တော်တို့ဆီမှာ အထောက်အထား အားလုံးရှိတယ်။ နောက်ကျေးရွာ အုပ်ချုပ်ရေးမှူးများဆီမှာလည်း ရှိတယ်’’ဟု ၎င်းက ပြောသည်။
ပုလောမြို့နယ် အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသီဟက ‘‘ကျွန်တော့်မှာ အ ထောက်အထားအားလုံးရှိတယ်။ မင်းသီရိလမ်းလုပ်ဖို့ ၄၂ သိန်း ဆိုင်းဘုတ်ထောင်ပေမယ့် တကယ် ကုန်တာက ၁၅ သိန်းလောက်ပဲ။ အဲဒီလိုလုပ်ထားတာ ရှစ်နေရာ လောက်ရှိတယ်။ ဒီကိစ္စနဲ့ ပတ် သက်ပြီး အဂတိကိုလည်း တိုင် ထားတယ်’’ဟု ပြောသည်။
ထိုသို့ ပြည်ထောင်စုလွှတ် တော်ဖွံ့ဖြိုးရေးရန်ပုံငွေများ အလွဲ သုံးစားပြုသော ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နှစ်ဦးကို အရေးယူပေးရန် ရပ်ကျေးအုပ်ချုပ်ရေးမှူး ရှစ်ဦးက လက်မှတ်ထိုးကာ နိုင်ငံ တော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံနှင့် အဂတိတိုက်ဖျက်ရေး ကော်မရှင်တို့ထံ ယခုနှစ်ဆန်းပိုင်း ကတည်းက တိုင်ကြားခဲ့ကြောင်း ဦးသီဟက ဆိုသည်။
ကော်မရှင်ကလည်း တိုင် ကြားမှုတွင် ပါဝင်သည့် ရပ်ကျေး အုပ်ချုပ်ရေးမှူး ရှစ်ဦးတို့ကို မေလအတွင်း လာရောက်စစ်ဆေးမေး မြန်းပြီး ၎င်းတို့ကလည်း သက်သေအထောက်အထားများ တင်ပြ၍ စစ်ဆေးခံခဲ့ကြောင်း အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသီဟ က ရှင်းပြသည်။
ဒီချုပ်ပါတီ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာမျိုးညွန့်ကမူ လွှတ်တော်ကိုယ်စားလှယ်များ အဂတိ လိုက်စားမှု၊ မသမာမှုပြုလုပ် ကြောင်း အထောက်အထားအခိုင် အလုံရှိပါက ပါတီသို့ တိုင်ကြားခြင်းမပြုဘဲ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုက်ရိုက်တိုင်ကြားနိုင်ကြောင်း ပြောသည်။
‘‘ကိုယ့်ရဲ့ အထောက်အထား ခိုင်လုံတယ်၊ အဂတိလိုက်စား တယ် သေချာရင် ပါတီကိုမငဲ့ပါ နဲ့။ ထိထိရောက်ရောက်သာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ပါလို့ ကျွန် တော်တို့ တိုက်တွန်းပါတယ်’’ဟု ဒေါက်တာမျိုးညွန့်က မှတ်ချက်ပြု ပြောသည်။ လွှတ်တော်ကိုယ်စားလှယ် များ၊ အုပ်ချုပ်ရေးဆိုင်ရာနှင့် ဒေသခံပြည်သူများ ပါဝင်ဆွေး နွေးဆုံးဖြတ်မှုဖြင့် တစ်မြို့နယ် လျှင် ကျပ်သိန်း ၁,၀၀၀ နှုန်း အသုံးပြုနိုင်သည့် ပြည်ထောင်စုလွှတ် တော် ဖွံ့ဖြိုးရေးရန်ပုံငွေကို နှစ်စဉ်ချပေးနေသည်။
No comments:
Post a Comment