Pages
Wednesday, June 19, 2019
မိလ္လာကျင်းဆယ်ရာမှ အမျိုးသား ၂ ဦး သေဆုံး
၂၀၁၉ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့ ၁၅;၃၀ အချိန် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ (၇) ရပ်ကွက်နေ ဦးသောင်းမြင့်၏ နေအိမ်၌ မိလ္လာကျင်းအား မွှေးတောင်ကြီးအမှိုက်နှင့် မိလ္လာသိမ်းဆည်းရေး ကုမ္ပဏီမှ သီဟဇော် (၂၈) နှစ်နှင့် ထီလာကြွယ် (၃၇) နှစ်တို့ ၂ ဦးသည် မိလ္လာသယ်ယာဉ်ဖြင့် မိလ္လာကျင်းအတွင်းမှ မစင်များအား စုပ်ယူပြီး မိလ္လာကျင်းဆေးကြောသန့်စင်ရန် သီဟဇော်မှ ကျင်းအတွင်းသို့ ဆင်းသွားရာမှ ပြန်တက်မလာသဖြင့် ထီလာကြွယ်မှ ကျင်းအတွင်း ဝင်ရောက်ဆယ်ယူခဲ့ရာ ၎င်းတို့ ၂ ဦးလုံး မိလ္လာကျင်း အတွင်း၌ ပြင်ပဒဏ်ရာမရှိဘဲ လေပြတ်သေဆုံးခဲ့သဖြင့် ၁၅း၅၅ အချိန်တွင် တောင်ကြီးမြို့၊ စဝ်စံထွန်း ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ၁၇း၁၅ အချိန်တွင် အေးသာယာနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၈/၂၀၁၉) ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment