ဘရာဇီးနှင့်ဘိုလစ်ဗီးယား ယှဉ်ပြိုင်သော အဖွင့်ပွဲတွင် လက် မှတ်တစ်စောင် ပျမ်းမျှဈေး၁၂၅ ဒေါ်လာပေး၍ ပရိသတ် ၄၆,၀၀၀ ကျော် လာရောက်အားပေးခဲ့သော် လည်း ပွဲစီစဉ်သူများက လက်မှတ် ရောင်းကုန်ပြီဟု ကနဦးပြောထား ခဲ့သောပွဲအတွက် မိုရွမ်ဘီဘော လုံးကွင်း၌ ထိုင်ခုံအလွတ် ၂၂,၀၀၀ ထက် မနည်းရှိခဲ့သည်။
ကာတာနှင့် ပါရာဂွေးနှစ် ဂိုးစီသရေကျသောပွဲတွင် ပရိ သတ် ၈၇,၀၀၀ ဆံ့သည့် မာရာ ကာနာကွင်း၌ ပရိသတ် ၂၀,၀၀၀ သာလာရောက်အားပေးခဲ့သည်။ စနေနေ့က ကစားသောပွဲနှစ်ပွဲ တွင်လည်း ပရိသတ်လာရောက် ကြည့်ရှုမှု စိတ်ပျက်စရာ ဖြစ်ခဲ့ သည်။ ပီရူးနှင့်ဗင်နီဇွဲလားဂိုးမရှိ သရေကျသောပွဲသို့ ပရိသတ် ၁၁,၀၀၀ သာ လာရောက်အားပေး ခဲ့ပြီး အာဂျင်တီးနားက ကိုလံဘီ ယာကို ၂-၀ ဂိုးဖြင့် ရှုံးသောပွဲတွင် လူ ၅၀,၀၀၀ ဆံ့ကွင်းသို့ ပရိသတ် ၃၅,၀၀၀ သာ ရောက်လာသည်။ ယင်းပွဲ၏လက်မှတ်ရောင်းကုန်ပြီ ဟု ပွဲမတိုင်မီ စီစဉ်သူများက ပြော ကြားထားသည်။ ဥရုဂွေးနှင့် အီကွေဒေါပွဲသို့ ပရိသတ်လာ ရောက်မှုလျော့နည်းခဲ့သည်။
No comments:
Post a Comment