
မီးရထားလိုင်း၊ လေကြောင်းလိုင်းတွေ ပါအဝင် သယ်ယူပို့ဆောင်ရေး နည်းလမ်းတွေကို ယှဉ်ပြိုင်နိုင်ဖို့ ဘတ်စ်ကားလိုင်းတွေ အနေနဲ့ ဝန်ဆောင်မှု အရည်အသွေးကို မြှင့်ကြဖို့လည်း သူက ပြောခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေက တစ်ချို့ ဘတ်စ်ကားလိုင်းတွေ အရှုံးပေါ်နေလို့ ပိတ်လိုက်ကြောင်း မေးမြန်းခဲ့ရာမှာ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ဖြေကြားခဲ့တာပါ။
ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အာဆီယံနိုင်ငံတွေအတွင်း ကုန်လမ်းကွန်ရက်တွေကို တိုးချဲ့ဖို့ ဘတ်စ်ကားလိုင်းတွေကို ထောက်ပံ့ပေးဖို့ ထိုင်း သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက အသင့်ရှိကြောင်းလည်း သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။
No comments:
Post a Comment