ဦးဝီရသူကိုအမှုဖွင့် စွဲ ချက်တင်ခြင်းအပါအ၀င် လက်ရှိ အစိုးရလက်ထက် အမျိုးဘာသာ သာသနာကို ထိခိုက်စေနိုင်သည့် ဆောင်ရွက်ချက်များကို ပြင်းထန် စွာ ကန့်ကွက်ကြောင်းနှင့် ထိုသို့ ဘာသာသာသနာကို ပျက်စီး အောင် ပြုလုပ်နေသူများကို ဆန္ဒ မဲမပေးရန် ဗုဒ္ဓဓမ္မပရဟိတ ဖောင် ဒေးရှင်းက တိုက်တွန်းသည်။ အင်းစိန်မြို့နယ်ရှိ အောင် ဆန်းတောရတပ်ဦးကျောင်းတိုက် ၌ ဇွန်လ ၁၆ ရက်မှ ၁၇ ရက်အထိ နှစ်ရက်ကြာပြုလုပ်ခဲ့သော ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း (ဗဟို) နှစ်ပတ်လည် စုံညီတွေ့ဆုံသြ၀ါဒ ခံယူပွဲအပြီးတွင် အထက်ပါအ တိုင်း ကြေညာချက်ထုတ်ပြန်ခြင်း ဖြစ်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်ပတ်သက်၍ ဆရာ တော်ဦးဝီရသူ၏ ပြောဆိုချက်များသည် အပြုသဘောဖြင့် အမှန်တရားကို ဝေဖန်ထောက်ပြခြင်းသာ ဖြစ်သည်ဟု အဆိုပါဖောင်ဒေးရှင်းက ဆိုသည်။ ဦးဝီရသူကို သံဃာ့အဖွဲ့ အဆင့်ဆင့်ကဓမ္မစက်ဖြင့် ရှေးဦးစွာဆုံးမရမည် ဖြစ်သော်လည်း ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သော ပုဒ်မဖြင့်စွဲချက်တင်ခြင်းသည် ဥပဒေမဲ့ ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။
ဝံသာနုစိတ်ဓာတ်ကဗျာ ပယ်ဖျက်ခြင်း၊ အမျိုးသားရေးဝါဒ သည် ဒီမိုကရေစီ၏အန္တရာယ်ဖြစ် သည်ဟု ပြောကြားခြင်း၊ ဧည့်စာ ရင်းဥပဒေအပါအ၀င် ဥပဒေအ ချို့ ပယ်ဖျက်ခဲ့ခြင်း၊ အာဏာစက် ဖြင့် အရေးယူခံရသူကို ဆရာ တော်ဟု မခေါ်ဆိုထိုက်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှု ၀န် ကြီးဌာနက ထုတ်ပြန်ခြင်း စသည် တို့အပါအ၀င် လက်ရှိအစိုးရ လက်ထက် ဆောင်ရွက်ချက် ခြောက်ရပ်ကို ပြင်းထန်စွာ ကန့် ကွက်ရှုတ်ချကြောင်း ဖော်ပြထား သည်။
ယမန်နေ့က ကျင်းပသည့် နှစ်ပတ်လည် တွေ့ဆုံပွဲတွင် ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း (ဗဟို) ဥက္ကဋ္ဌ အင်းစိန်ရွာမ ဆရာတော်အပါအ၀င်ဖောင်ဒေးရှင်းဦးဆောင်ဆရာတော်များ ကြွရောက်ခဲ့သည်။
နိမ့်ပါးသည့် အခြေအနေသို့ ရောက်ရှိနေသဖြင့် ညီလာခံသို့ မတက်ရောက်နိုင်ကြောင်း ဦးဝီရ သူက ၎င်းအသုံးပြုနေသည့် ရုရှား လူမှုကွန်ရက် VK စာမျက်နှာ၌ ရုပ်သံဖိုင်လွှင့်တင်ကာ လျှောက် ထားခဲ့သည်။
မဘသအဖွဲ့ကို အမည် ပြောင်း ဖွဲ့စည်းထားသော ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း၏ နှစ်ပတ် လည် တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် သက်ပုံက အရပ်ဝတ်ဖြင့် တက် ရောက်ခဲ့ပြီး အလှူငွေကျပ်သိန်း ၃၀၀ ကို ရွာမဆရာတော်ထံ လှူ ဒါန်းသည်။
ထို့အပြင် ၀ရမ်းပြေးအဖြစ် သတ်မှတ်ခံထားရသူ ဦးစိုးထွန်းရှိန်အမည်ဖြင့် ညီလာခံတက်ရောက်သည့် သံဃာတော်များအား နေ့ဆွမ်းလှူဒါန်းခဲ့သည်။ သို့သော် နှစ်ပတ်လည် တွေ့ဆုံပွဲသို့ ၎င်းကိုယ်တိုင်တက်ရောက် လာခြင်းမရှိပေ။
ယင်းနှစ်ပတ်လည်တွေ့ဆုံပွဲတွင် ဖောင်ဒေးရှင်းဦးဆောင်ဆရာတော်များက လက်ရှိအစိုးရလက်ထက်သာသနာရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ပြစ်တင်ဝေဖန်ခဲ့ပြီး အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေး သွေးစည်းညီညွတ်မှုဖြင့် ဆက်လက်ဆောင်ရွက်ကြရန် ညီလာခံတက်ရောက်လာသည့် သံဃာတော်များနှင့် လူပုဂ္ဂိုလ်များအား တိုက်တွန်းသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေး ကြိုးပမ်းမှုများကိုလည်း ဖောင်ဒေးရှင်း ဦးဆောင်ဆရာ တော်များက ဝေဖန်ခဲ့ပြီး ၅၉(စ)၊ ၄၃၆ စသည့် အခြေခံဥပဒေပုဒ်မ များကို ပြင်ဆင်ရန်မသင့်ဟုဆို သည်။
ဖောင်ဒေးရှင်းဥက္ကဋ္ဌ ရွာမ ဆရာတော်က လက်ရှိအခြေအ နေကို ‘‘ခေတ်ပျက်အခါပျက်’’ ဟု သုံးနှုန်းခဲ့ပြီး အမျိုးသားရေးလုပ် ငန်းများကို ပါးနပ်စွာဆက်လက် ဆောင်ရွက်ရန် လိုအပ်ကြောင်း မိန့်ကြားသည်။
‘‘အရှင်ဘုရားတို့ တချို့ စိတ်လိုက်မာန်ပါတွေ ဖြစ်ချင်တာ တွေကို ခဏထားပြီးတော့ ထိန်း ထိန်းသိမ်းသိမ်းနဲ့ လိုက်ကြပါ။ တပည့်တော်တို့က အတတ်နိုင် ဆုံး ရှေ့ကဦးဆောင်ပြီးတော့လမ်း ညွှန်သွားပါ့မယ်’’ ဟု ရွာမဆရာ တော်က မိန့်သည်။
လတ်တလော အခင်းအ ကျင်းသည် ၂၀၁၅ ရွေးကောက်ပွဲ အကြိုကာလနှင့် တူညီမှုရှိပြီး ခန့် မှန်းထားသည်ထက်စော၍ ဘာ သာရေးအခြေခံသော နိုင်ငံရေး လှုံ့ဆော်မှုများ ထင်ထင်ရှားရှား ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူ ဦးသီဟသွေး က ပြောသည်။
‘‘၂၀၁၅ မတိုင်ခင်ကလည်း မျိုးစောင့်ဥပဒေကို မရရအောင် ပြဋ္ဌာန်းတယ်။ ပြီးတော့အောင်ပွဲခံ တယ်။ ပြီးတော့ အဲဒီဥပဒေကို ဆန့်ကျင်မယ့်၊ ဖျက်သိမ်းမယ့်သူ တွေကို မဲမပေးနဲ့ဆိုတာမျိုးပြော ပြီးတော့ ၂၀၁၅ အတွက် ခင်း ကျင်းခဲ့တယ်။ အခုလည်း ဒီလိုဟာမျိုးပေါ့၊ နောက်ဆုံးကျတော့ ရွေးကောက်ပွဲမှာ အာဏာအပြောင်းအလဲကို ဖြစ်ပေါ်စေနိုင်တဲ့ မဲရလဒ်ကိုတွက်ဖို့ အားထုတ်တာတွေဖြစ်နေတယ်’’ ဟု ၎င်းကပြောသည်။
လက်ရှိ အစိုးရလက်ထက် ၂၀၁၇ တွင် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့က မဘသအဖွဲ့ကို ဖျက်သိမ်းရန် စတင်ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားပြီးနောက် မကြာမီ မဘသအဖွဲ့ကဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ သို့သော် ၂၀၁၈ တွင် ယင်း ဖောင်ဒေးရှင်းကို ဖျက်သိမ်းရန်နှင့် အဆိုပါဖောင်ဒေးရှင်း အ မည်ဖြင့် မည်သည့်လုပ်ဆောင် ချက်မျှ မပြုလုပ်ရန် နိုင်ငံတော်သံ ဃမဟာနာယကအဖွဲ့က ဆက် လက်ညွှန်ကြားခဲ့သည်။
No comments:
Post a Comment