‘‘ကိုယ်တိုင်တီထွင်ထားတဲ့ စက်ရုပ်တွေကို Auto စနစ်နဲ့သတ် မှတ်ထားတဲ့ လုပ်ငန်းစဉ်တွေကို အလိုအလျောက် လုပ်နိုင်အောင် ခိုင်းရတဲ့ပြိုင်ပွဲနဲ့ Remote Controlနဲ့ ကိုယ်တိုင်ထိန်းချုပ်ပြီး ပြိုင်ရတဲ့ ပြိုင်ပွဲနှစ်ပွဲကို ယှဉ်ပြိုင်စေတာ ဖြစ်ပြီး အဲဒီတက္ကသိုလ်နှစ်ခုက အသင်းတွေက ဆုရရှိသွားခဲ့တာ ဖြစ်ပါတယ်’’ ဟု Clash of Robots ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ ပွဲစီစဉ်သူကိုဟိန်းထက်က ပြော သည်။
Clash of Robots ပြိုင်ပွဲ ကျင်းပရေးအဖွဲ့အနေဖြင့် စက် ရုပ်စွမ်းရည်ပြပြိုင်ပွဲကို ၂၀၁၈ ကရန်ကုန်မြို့တွင် စတင်ကျင်းပပြီး ယခု (၂၀၁၉)၌ ဒုတိယအ ကြိမ်အဖြစ် မန္တလေးမြို့တွင် ဆက်လက်ကျင်းပခဲ့သည်။
‘‘အဓိက လုပ်ဖြစ်တာက တော့ ကျောင်းသား၊ ကျောင်းသူ တွေရဲ့ ပညာရပ်တွေကို ကျောင်း မှာ သင်နေရတာတင် မဟုတ်ဘဲ ဒါမျိုးပရောဂျက်တွေ လုပ်ပြီး သူ တို့ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင် နိုင်ဖို့ လုပ်တာဖြစ်ပါတယ်’’ဟု ကိုဟိန်းထက်က ပြောသည်။ ပြိုင်ပွဲနှစ်ခုတွင် ပထမဆုရ ရှိသည့် တက္ကသိုလ်များမှ အသင်း များအား ဆုဖလားနှင့်အတူ ကျပ်ငါးသိန်းစီ ချီးမြှင့်ပြီး ရတနာပုံဆိုက်ဘာစီးတီး တက္ကသိုလ်က တစ်သင်းကို စက်ရုပ်တည်ဆောက်ရာတွင် ဒီဇိုင်းအကောင်းဆုံးဆု အနေဖြင့် ကျပ်တစ်သိန်း ထပ်မံချီးမြှင့်ခဲ့ကြောင်း ၎င်းကပြောကြား သည်။
No comments:
Post a Comment