
ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့သို့ ကြိုတင်အကြောင်းကြားထားခဲ့ကြောင်း၊ ဇွန် ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန် လူငယ်တစ်ဦးမှ နေအိမ်သို့ ပစ္စည်းထုပ်လာပို့ကာ ငွေ(၁၀၀,၀၀၀)ကျပ် တောင်းခံသဖြင့် ပေးအပ်လိုက်ပြီး ၎င်းလူငယ်အား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်၍ အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့ ရှေ့မှောက်တွင် ပစ္စည်းထုပ်ကို ဖွင့်ဖောက်စစ်ဆေးရာ ရွှေအတုများဖြင့် ပြုလုပ်ထားသော နားဆွဲတစ်ရံ၊ လက်စွပ်တစ်ကွင်း၊ ဆွဲသီးပါ ဆွဲကြိုးအသေးတစ်ကုံး၊ ဟန်းချိန်းအသေးတစ်ခု တို့အား တွေ့ရှိရပြီး ပစ္စည်းလာပို့သူမှာ တောင်ဥက္ကလာပမြို့နယ်၊ (၇)ရပ်ကွက်နေ ထက်ဝှန်းကျော် (၂၃)နှစ်ဖြစ်ကြောင်း သိရှိရသဖြင့် အရေးယူပေးပါရန် တိုင်တန်းချက်အရ ထက်ဝှန်းကျော် အား ဒဂုံတောင်မြို့မရဲစခန်း(ပ)၂၆၂၀/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
No comments:
Post a Comment