Pages
Wednesday, June 19, 2019
ဒေါ်ကရင်မမိခင်ရဲ့ အမှုရုပ်သိမ်းလွှာ တရားမဝင်
ဒေါ်ကရင်မရဲ့ မိခင် ဒေါ်လှလှဝင်း တင်ခဲ့တဲ့ အမှုရုပ်သိမ်းလွှာဟာ တရားရုံးတော်ကို တိုက်ရိုက်တင်ပြခဲ့တာ မဟုတ်ပဲ ဥပဒေရုံးကိုသာ တင်ပြခဲ့တဲ့အတွက် တရားရုံးက ရုပ်သိမ်းလွှာနဲ့ ပတ်သက်ပြီး အမိန့်ချဖို့ မရှိဘူးလို့ ပြောပါတယ်။ ဒါ့အပြင် ဒေါ်လှလှဝင်းဟာ တရားလိုမဟုတ်ပဲ တရားလိုပြသက်သေတစ်ဦးသာဖြစ်လို့ အမှုကို ရုပ်သိမ်းခွင့်မရှိကြောင်းလည်း အမှုကို စစ်ဆေးနေတဲ့ တရားသူကြီးက ရှင်းပြပါတယ်။ နိုင်ငံတော်ဘက်က လိုက်လံဆောင်ရွက်ပေးတဲ့ ရှေ့နေတွေက ရုပ်သိမ်းခွင့်တင်နိုင်သာလို့လည်း သိရပါတယ်။ ဒီနေ့မှာတော့ စွပ်စွဲခံရသူ ဒေါ်သိဂီင်္စုကို စတင်စစ်ဆေးဖို့ ရုံးချိန်းရှိပေမယ့် ၊ ဒေါ်သိဂီင်္စု ဘက်က လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေ မရှိသေးတာကြောင့် ရုံးချိန်းပဲ ပေးခဲ့ပါတယ်။ ရုံးချိန်းကို ၂ ပတ်ကြာပေးခဲ့ပြီး၊ ဇူလှိုင်လ ၂ ရက်နေ့မှာတော့ ဒေါ်သိဂီင်္စုကို စတင်စစ်ဆေးမယ်လို့ ဆိုပါတယ်။ တရားခံအတွက် တင်ပြထားတဲ့ သက်သေက ၁၈ ဦးရှိပြီး၊ အမှုကို မှန်မှန်နဲ့ မြန်မြန်စစ်ဆေးနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့လည်း တရားသူကြီးက ပြောကြားခဲ့ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment