ရီးရဲလ်၏ စိတ်ဝင်စားမှု လည်း လျော့ကျခဲ့ကာ ၎င်းတို့အ နေဖြင့် ဈေးနှုန်းအပြိုင်ပေးခြင်းမျိုး ပြုလုပ်ရန် စိတ်အားမထက်သန် ဟု Marca သတင်းတစ်ပုဒ်က ဖော်ပြသည်။ ထို့နောက် အလှည့်အ ပြောင်းတစ်ရပ်တွင် မိမိ၏ကစား ဟန်သည် ပရီးမီးယားလိဂ် (သို့မဟုတ်) စီးရီးအေနှင့် ပိုမိုလိုက်ဖက်သည်ဟု ဂျိုဗစ်က ပြောကြား သည်။
‘‘ယူရိုပါလိဂ်က ကျွန်တော် ရဲ့ အတွေ့အကြုံအရ ဥရောပတခြားလိဂ်တွေက ကျွန်တော့်အ တွက် ပိုမိုသင့်လျော်ပြီး ကျွန် တော့်ကစားဟန်နဲ့ ပိုလိုက်ဖက် တယ်လို့ ဆိုနိုင်ပါတယ်’’ဟု ဂျိုဗစ်က ဂျာမနီသတင်းစာ Welt am Sonntag အား ပြောကြားသည်။ ‘‘ကိုယ်ကာယပိုင်းအနေနဲ့ ဆိုရင် ဘွန်ဒက်စ်လီဂါက အလွန် ပဲပြင်းထန်ပါတယ်။ ဒါပေမဲ့လည်း ချယ်လ်ဆီး ဒါမှမဟုတ် အင်တာ မီလန်တို့နဲ့ ပွဲတွေအပြီးမှာ ကျွန် တော့်အနေနဲ့ ပရီးမီးယားလိဂ်၊ ဒါ မှမဟုတ် စီးရီးအေမှာ ကစားရင် ပိုကောင်းမယ်လို့ ခံစားရပါတယ်’’ ဟု ဂျိုဗစ်က ပြောကြားပြီး ယင်း အသင်းများ၏ ကစားပုံသည် မိမိ နှင့် ပိုမိုလိုက်ဖက်သည်ဟု ဆက် လက်ပြောသည်။ ကမ္ဘာ့အကောင်းဆုံးကစား သမားနှင့် မိမိ၏အဆင့်ကို နှိုင်း ယှဉ်ရန် မျှော်လင့်နေသည်ဟု စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် ဖရန့်ဖတ် က ပင်နယ်တီဖြင့်ရှုံးပြီး ယူရိုပါ လိဂ်ပြိုင်ပွဲမှ မထွက်ရမီ ချယ်လ် ဆီးဘက်သို့ နှစ်ဂိုးသွင်းယူခဲ့သော တိုက်စစ်မှူးကပြောသည်။
No comments:
Post a Comment