အဆိုပါလှူဒါန်းမှုကို ယမန်နေ့က မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံး၌ ပြုလုပ်ခဲ့ပြီး သက်ကြီးနာ မကျန်း အနုပညာရှင် ၃၉ ဦးအ တွက် တစ်ဦးလျှင် ကျပ်တစ်သိန်း စီ၊ ကိုလူချောအဖွဲ့အတွက် ကျပ် ၁၀ သိန်း၊ ဇာတ်ပို့ ဇာတ်ရံများအ တွက် ကျပ် ၁၀ သိန်း၊ စက်မှုလုပ် သားများအတွက် ကျပ် ၁၀ သိန်း နှင့် ရုပ်ရှင်လောကသားများ၏ ရင်သွေးများ ပညာသင်ထောက်ပံ့ ကြေး ကျပ် ၁၀ သိန်း စုစုပေါင်း ကျပ်သိန်း ၈၀ လှူဒါန်းခဲ့သည်။
နာမကျန်း အနုပညာရှင်များ အနက် ၁၀ ဦးခန့်သာ ကိုယ်တိုင် အလှူငွေလက်ခံခဲ့ပြီး အခြားအနု ပညာရှင်များကို သွားရောက်လှူ ဒါန်းမည်ဖြစ်သည်။
‘‘ပီတိဖြစ်ရပါတယ်။ အား ငယ်နေတဲ့အချိန်မှာ အားဆေး တိုက်သလို အားရှိသွားတယ်။ တို့ ညီအစ်ကို မောင်နှမတွေမှာလည်း ဒီလိုစိတ် ဓာတ်တွေရှိကြတယ်ဆို တော့ ဝမ်းသာရပါတယ်’’ ဟု နာ မကျန်းဖြစ်နေသည့် ရုပ်ရှင်သ ရုပ်ဆောင်ဝင်းနိုင် (အနုပညာ) ကပြောသည်။
လှူဒါန်းသည့်ငွေများတွင် ‘ပြဿနာ’ ရုပ်ရှင် ရုံတင်ရာမှ ရရှိ လာသည့် အကျိုးအမြတ်ငွေများမှ အချို့နှင့်အတူ ယင်းဇာတ်ကား တွင် ပါဝင်သရုပ်ဆောင်ထား သည့် ဦးအောင်လွင်က ၎င်း၏အ နုပညာကြေး ကျပ် ၁၀ သိန်းကို လှူဒါန်းခဲ့သလို ယင်းဇာတ်ကား ဒါရိုက်တာမီးပွားကလည်း ၎င်း၏ အနုပညာကြေးမှ ကျပ် ၁၀ သိန်း ထည့်ဝင်လှူဒါန်းခဲ့သည်။
‘‘လှူရတဲ့အတွက် ဝမ်းသာ တယ်။ ကျွန်တော်တို့ရဲ့ အစ်ကို တွေ၊ ဆရာတွေကို အခုလိုမြင်ရ တော့ စိတ်မကောင်းဘူး’’ ဟု နာ မကျန်းဖြစ်နေသည့် အနုပညာရှင် များကိုတွေ့ရသည့်အပေါ် ဇာဂ နာကပြောသည်။ အနုပညာလုပ်အားဖြင့် ရရှိ သည့်ငွေများကို လှူဒါန်းခြင်းဖြစ် သောကြောင့် ပရိသတ်များ၏အ လှူဟု ပြောနိုင်ကြောင်းနှင့် ထပ်မံ လှူဒါန်းနိုင်ရန် ကြိုးစားမည်ဖြစ် ကြောင်း ‘ပြဿနာ’ ဇာတ်ကား၏ အဓိကသရုပ်ဆောင် နေတိုးက ပြောသည်။
No comments:
Post a Comment