ရှိုင်းဟုတ်ကုမ္ပဏီ၏ လက် အောက်တွင်ရှိသည့် မေတ္တာမွန် အဖွဲ့သည် ပရဟိတလုပ်ငန်းများ၊ လူမှုရေးလုပ်ငန်းများလုပ်ဆောင် ရန် အရောင်းကိုယ်စားလှယ်များ ရရှိသည့် ငွေကြေးထဲမှ ၁၀ ရာခိုင် နှုန်းစီ အလှူငွေထည့်ဝင်ရ ကြောင်း၊ ယင်းအလှူငွေဖြင့် စမ်း ချောင်းမြို့နယ်တွင် တိုက်ခန်းများ ဝယ်ယူကာ ကိုယ်စားလှယ်များ ကို နေထိုင်စေခဲ့ကြောင်း ၎င်းက ပြောသည်။
‘‘ကျွန်တော်တို့က အလကား နေရတာမဟုတ်ပါဘူး။ အိမ်လ ခပေးပြီးနေရတာပါ။ ဒီတိုက် ခန်းဝယ်တဲ့ ငွေကလည်း မေတ္တာ မွန်အဖွဲ့ရဲ့ အလှူငွေတွေပါ။ ဒီအ လှူငွေတွေဆိုတာလည်း ကျွန် တော်တို့ ကိုယ်စားလှယ်တွေထည့် ဝင်ထားတဲ့ ငွေကြေးတွေပါပဲ။ ကျွန်တော်တို့ကို နို့တစ်စာထုတ် ပြီး ချက်ချင်းဖယ်ခိုင်းတာပါ’’ ဟု ဦးစိုးညွန့်ကရှင်းပြသည်။
ဦးစိုးညွန့်အပါအဝင် ဦးဇင် ကိုလေး၊ ဒေါ်မာမာလေး၊ ဒေါ်ရွှင် ပြုံးနှင့် ဒေါ်နွယ်နွယ်ဝင်းဆွေတို့ ငါးဦးသည် ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးတွင် တရားရင်ဆိုင် နေရပြီး ရုံးချိန်းလေးကြိမ်မြောက် သွားပြီးဖြစ်ကြောင်း နစ်နာသူများက ပြောကြားသည်။
‘‘ကျွန်မက အရင်က သူနာ ပြုအလုပ်လုပ်ပါတယ်။ ၁၉၉၀ မှာ ကုမ္ပဏီမှာစလုပ်ခဲ့တယ်။ ကျွန်မတို့ဆို ကျရာနေရာမှာ တာ ဝန်ကျေပွန်အောင် လုပ်ခဲ့တယ်။ မြို့နယ်အနှံ့သွားခဲ့တယ်။ ဒီစနစ် ကို ရပ်ဆိုင်းလိုက်တော့ ကျွန်မတို့ မှာ အလုပ်လက်မဲ့ဖြစ်ကုန်တယ်။ တိုက်ခန်းကနေဖယ်ရှားပေးဖို့ပါ တရားစွဲတော့ စားဝတ်နေရေးအ ခက်အခဲဖြစ်နေပါတယ်’’ ဟု တ ရားစွဲခံရသူ ကိုယ်စားလှယ်ဒေါ်မာ မာလေးက ပြောသည်။
အဆိုပါ အရောင်းကိုယ်စား လှယ်ငါးဦးသည် တိုက်ခန်းကိုတစ်လလျှင် ကျပ် ၇၀,၀၀၀ ဖြင့် ငှား ရမ်းနေထိုင်ခဲ့ရကြောင်း ဆိုသည်။
ယင်းတိုက်ခန်းငါးခန်းကို လက်ရှိကာလပေါက်ဈေးအတိုင်း ကျပ်သိန်း ၁,၂၀၀ ဖြင့် ပြန်လည် ရောင်းချပေးစေလိုကြောင်းနှင့် ရန်ကုန်အနောက်ပိုင်း ခရိုင်တရား ရုံးတွင် တရားစွဲဆိုထားခြင်းဖျက် သိမ်းပေးရန် အထက်ပါ ကိုယ် စားလှယ်များက တောင်းဆို သည်။ရှိုင်းဟုတ်ကုမ္ပဏီ မန်နေ ဂျင်းဒါရိုက်တာနှင့် မေတ္တာမွန်အ ဖွဲ့ခေါင်းဆောင် ဦးဝင်းသန်းက တရားလိုပြုလုပ်ကာ ကိုယ်စား လှယ်လုပ်ငန်းမှ ရပ်ဆိုင်းခံခဲ့ရ သဖြင့် စာချုပ်ပါဝန်ခံကတိပြု ချက်အတိုင်း တိုက်ခန်းဥပစာမှ အပြီးအပိုင် ဖယ်ရှားပေးရန် တ ရားစွဲဆိုခြင်းဖြစ်သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ 7Day Daily သတင်းစာက ကုမ္ပဏီသို့ ဖုန်းဖြင့်ဆက်သွယ်မေး မြန်းသော်လည်း တရားလိုဦးဝင်း သန်းမရှိကြောင်းနှင့် ယင်းဖြစ်စဉ် အပေါ် တစ်စုံတစ်ရာမပြောနိုင် သေးကြောင်း ကုမ္ပဏီတာဝန်ရှိသူ တစ်ဦးက ပြောသည်။ ‘‘သူတို့ အိမ်ငှားတုန်းကအိမ် ရှင်အိမ်ငှားစာချုပ်ချုပ်ပြီး ငှား တာ။ အခုတရားစွဲတော့ ကုမ္ပဏီ အနေနဲ့စွဲတယ်။ ဒီတရားစွဲဆိုမှု က နည်းလမ်းမမှန်ဘူး။ တရားမျှ တမှုလည်း မရှိပါဘူး။ ကန့်ကွက် ပါတယ်’’ ဟု တရားစွဲခံရသူများ ၏ ရှေ့နေတရားလွှတ်တော်ရှေ့ နေဦးကျော်ဆန်းက ပြောသည်။
No comments:
Post a Comment