
အမေရိကန်နိုင်ငံ အိုကလာဟိုးမားပြည်နယ် အယ်လ်ရေနိုမြို့က ရွေ့လျားကားအိမ်တွေ ရပ်နားရာ ဥယျာဉ်တခုနဲ့ ဟိုတယ်အသေးတလုံးကို လေဆင်နှာမောင်း ဖြတ်သန်းတိုက်ခတ်ခဲ့လို့ လူ ၂ ယောက်ထက်မနည်း သေဆုံးတယ်လို့ မြို့တော်ဝန်က မေလ ၂၆ ရက်မှာ ပြောပါတယ်။ လေဆင်နှာမောင်းဟာ အိုကလာဟိုးမား အနောက်ဘက် မိုင် ၃၀ အကွာမှာ မေလ ၂၅ ရက် ညနက်ပိုင်းက တိုက်ခတ်ခဲ့တာပါ။ ည ဆယ်နာရီခွဲအချိန်မှာ လေဆင်နှာမောင်း သတိပေးဥသြ ဆွဲခဲ့တယ်၊ လူ ၂ ယောက်သေပြီး အတော်များများ ဒဏ်ရာရခဲ့တယ်လို့ မြို့တော်ဝန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ လေဆင်နှာမောင်းကြောင့် ဟိုတယ်ရဲ့ ဒုတိယထပ် လုံးဝမရှိတော့တဲ့အထိ ဖြစ်ခဲ့တဲ့အပြင် အရေးပေါ်ကယ်ဆယ်ရေးသမားတွေက ရှာဖွေကယ်ဆယ်နေကြဆဲလို့ မြို့တော်ဝန်က ပြောပါတယ်။
No comments:
Post a Comment