မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ မြို့နယ်ရှိ ကျေးရွာများတွင် မိုးဦးသီးနှံများဖြစ်သည့် နှမ်း၊ ၀ါ၊ မြေပဲ၊ ပဲစင်းငုံနီ တို့ကို စတင်စိုက်ပျိုးနေကြောင်း တောင်သူများထံမှ သိရသည်။ “နှစ်စဉ်စိုက်ပျိုးနေကျ သီးနှံတွေပဲ စိုက်တာပါ။ ပဲလေးခေါ် သုံးလ မြေပဲ၊ ၆ လပဲခေါ် ပဲကြီး၊ နှမ်း၊ ဝါနဲ့ ပဲစင်းငုံနီလည်း စိုက်တယ်။ ဒီနှစ် ပဲစင်းငုံနီဈေးကွက်ပေါ်လာတော့ အမယ်စုံအောင် စိုက်မယ်ဗျာ ”ဟု ဒေသခံ တောင်သူ တစ်ဦးက မဇ္ဈိမသို့ပြောသည်။ ပဲစင်းငုံနီပေါက်ဈေးသည် မေ ၂၂ ရက်နေ့တွင်၂၀၁၉ ပိသာ(၂၀) တစ်တင်းလျှင် ၃၅၀၀၀၊ ၂၀၁၇ပိသာ(၂၀) တစ်တင်း လျှင် ၃၁၁၀၀ ကျပ်ဈေးရှိကြောင်း ပခုက္ကူမြို့နယ်ကုန်သည်ပွဲစားအသင်းထုတ်ပြန်ချက်အရ သိရသည်။ “ ဒီနှစ် မိုးဦးနောက်ကျတယ်။ မိုးက ဝယ်မရဘူး။ မျိုးဝယ်ရတယ်လေ။ စိုက်မဲ့သီးနှံရဖို့ လိုတာပါ။ ဈေးကွက်တွေ မဆိုးဘူး၊မိုးပေးကောင်းရင် အဆင်ပြေမှာပါ၊အဓိကတော့ မိုးပေးကောင်းဖို့ပါ” ဟု တောင်သူဦးဝင်းက ဆိုသည်။
Pages
Monday, May 27, 2019
ပခုက္ကူမြို့နယ်ရှိ ရွာများတွင် မိုးဦးသီးနှံ စတင်စိုက်ပျိုးနေ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ မြို့နယ်ရှိ ကျေးရွာများတွင် မိုးဦးသီးနှံများဖြစ်သည့် နှမ်း၊ ၀ါ၊ မြေပဲ၊ ပဲစင်းငုံနီ တို့ကို စတင်စိုက်ပျိုးနေကြောင်း တောင်သူများထံမှ သိရသည်။ “နှစ်စဉ်စိုက်ပျိုးနေကျ သီးနှံတွေပဲ စိုက်တာပါ။ ပဲလေးခေါ် သုံးလ မြေပဲ၊ ၆ လပဲခေါ် ပဲကြီး၊ နှမ်း၊ ဝါနဲ့ ပဲစင်းငုံနီလည်း စိုက်တယ်။ ဒီနှစ် ပဲစင်းငုံနီဈေးကွက်ပေါ်လာတော့ အမယ်စုံအောင် စိုက်မယ်ဗျာ ”ဟု ဒေသခံ တောင်သူ တစ်ဦးက မဇ္ဈိမသို့ပြောသည်။ ပဲစင်းငုံနီပေါက်ဈေးသည် မေ ၂၂ ရက်နေ့တွင်၂၀၁၉ ပိသာ(၂၀) တစ်တင်းလျှင် ၃၅၀၀၀၊ ၂၀၁၇ပိသာ(၂၀) တစ်တင်း လျှင် ၃၁၁၀၀ ကျပ်ဈေးရှိကြောင်း ပခုက္ကူမြို့နယ်ကုန်သည်ပွဲစားအသင်းထုတ်ပြန်ချက်အရ သိရသည်။ “ ဒီနှစ် မိုးဦးနောက်ကျတယ်။ မိုးက ဝယ်မရဘူး။ မျိုးဝယ်ရတယ်လေ။ စိုက်မဲ့သီးနှံရဖို့ လိုတာပါ။ ဈေးကွက်တွေ မဆိုးဘူး၊မိုးပေးကောင်းရင် အဆင်ပြေမှာပါ၊အဓိကတော့ မိုးပေးကောင်းဖို့ပါ” ဟု တောင်သူဦးဝင်းက ဆိုသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment