‘‘ရှေ့ဆက်ဖို့ အဆင်ပြေ တယ်လို့ ကျွန်တော်ခံစားရပါ တယ်။ ဒီအသင်းမှာ ရှုံးနိမ့်တာက ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ အရှုံးအတွက် နည်းပြတစ်ယောက် မှာအမြဲတမ်းတာဝန်ရှိလို့ပါ။ တစ် ခါတလေမှာ ခင်ဗျားတို့လည်း အ မှားတွေလုပ်မိတယ်။ ဒါပေမဲ့ အဲ ဒါတွေကို ရင်ဆိုင်ရပါမယ်’’ ဟု ဗယ်လ်ဗာဒီက ပြောသည်။
ဘာစီလိုနာသည် လီဗာပူး ကို မရှုံးနိမ့်မီက ၂၀၀၉ နှင့် ၂၀၁၅ ကဲ့သို့ ဖလားသုံးလုံးဆွတ်ခူးရန် မျှော်လင့်ခဲ့ပြီးကိုပါဒယ်ရေးဖလား ဗိုလ်စွဲပါက ပြည်တွင်းဖလားနှစ် လုံးရရှိသော ကိုးခုမြောက်ရာသီ ကို ပိုင်ဆိုင်ခွင့်ရမည်ဖြစ်သော် လည်း မစွမ်းဆောင်နိုင်ခဲ့ပေ။
ဗလင်စီယာက ၎င်းတို့အ သင်းရာပြည့်နှစ်ကို ၂၀၀၈နောက် ပိုင်း ပထမဆုံးအဓိကဆုဖလား တစ်လုံးရရှိမှုနှင့်အတူ ဖြတ်သန်း ခွင့်ရရှိခဲ့သည်။
‘‘ကျွန်တော်သိပ်ပျော်ပါ တယ်။ ကျွန်တော်ဒီကိုရောက်တာ ရှစ်နှစ်လောက်ရှိပါပြီ။ ခက်ခဲတဲ့ အခိုက်အတန့်တချို့ကို ဖြတ် ကျော်ခဲ့ပါတယ်။ ဒီအသင်းအနေ နဲ့ ဒီလိုမျိုးဗိုလ်စွဲတဲ့အခိုက်အတန့် တွေကို ဒီထက်မကထိုက်တန်ပါ တယ်’’ဟုဗလင်စီယာအသင်း ခေါင်းဆောင်ပါရီဂျိုကပြောသည်။
‘‘ဗယ်လ်ဗာဒီဟာ စာချုပ် ချုပ်ထားတာပါ။ ရှုံးပွဲက သူ့ရဲ့အ မှားကြောင့် မဟုတ်ပါဘူး’’ ဟု ဘာစီလိုနာဥက္ကဋ္ဌ ဘာတိုမြူက ပြောကြားပြီး ဗယ်လ်ဗာဒီကို စာ ချုပ်သက်တမ်းကုန်အထိ ဆက် လက်နေရန် ထောက်ခံခဲ့သည်။
No comments:
Post a Comment