
ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့နယ်တွင် ဒေသကာလပေါက်ဈေးငွေကျပ် ၄၂၁၀.၈၇၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၀,၇၂၅ပြား အားသိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ က ယနေ့သတင်းထုတ်ပြန်သည်။ြ ဖစ်စဉ်မှာ မေလ ၂၄ ရက် ၀၆း၃ဝ နာရီ တွင် တပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့သည် လောက်ကိုင်မြို့နယ်၊ တာတီးဝမ်း ကျေးရွာအနီး နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် ကြံခင်းအတွင်းရှိ လူမနေသည့်တဲအဟောင်းအတွင်း ကြမ်းခင်း ပေါ်ရှိ ဆာလာအိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ် များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၈၀,၇၂၅ ပြား
(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၂၁၀.၈၇၅ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများအား မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၁)လောက်ကိုင်သို့ လွှဲပြောင်းပေးအပ်သဖြင့် လောက်ကိုင်မြို့မရဲစခန်းတွင် မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။
No comments:
Post a Comment