‘‘ပွဲတိုင်းက အရေးကြီးပါ တယ်။ ဒါပေမဲ့ ဒီပွဲကပိုပြီးတော့ တောင်အရေးကြီးခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အံ့မခန်းကာလ တစ်ခုကို ဖြတ်ကျော်နေတာဖြစ် ပြီး ဒီပွဲရလဒ်က အီတာလီယာ ဖလားဗိုလ်လုပွဲကို မှန်ကန်တဲ့ နည်းနဲ့ ချဉ်းကပ်ခွင့်ပေးပါတယ်’’ ဟု အတ္တလန်တာနည်းပြဂက်စ်ပါ ရီနီက ပြောသည်။ ‘‘ချန်ပီယံလိဂ်ဝင်ခွင့်ကအိပ် မက်တစ်ခုပါ’’ ဟုအတ္တလန်တာ နောက်ခံလူ ကက်စ်တာနီကပြော သည်။
နည်းပြဂတ်တူဆို၏ အေစီ မီလန်က ဖီအိုရင်တီးနားကို ၁-၀ ဂိုးဖြင့် အနိုင်ရပြီး ၆၂ မှတ်ရရှိကာ ထိပ်ဆုံးလေးသင်းစာရင်းဝင် ရောက်ရေး ကျန်ပြိုင်ဘက်အသင်း များကို ဆက်လက်ဖိအားပေးနေ သည်။
သို့သော် အေစီမီလန်အနေ ဖြင့် လက်ကျန်နှစ်ပွဲအနိုင်ရပြီး အတ္တလန်တာ (သို့မဟုတ်)အင် တာမီလန်ခြေချော်ပါမှ ချန်ပီယံ လိဂ်ဝင်ခွင့်ရမည့်အနေအထား ဖြစ်သည်။
‘‘ပြိုင်ပွဲပြီးဆုံးဖို့ နှစ်ပွဲပဲကျန် တော့တယ်။ အမှတ်တွေအကုန် လုံးရအောင် လုပ်ရမယ်။ ဆုံးရှုံးခဲ့ တဲ့အမှတ်တွေကို နှမြောမိပါ တယ်။ ဒါပေမဲ့ အခုတော့ ချန်ပီယံ လိဂ်ဝင်ခွင့်ရမယ်လို့ ယုံကြည်နေ တာကို မရပ်တန့်နိုင်ပါဘူး’’ ဟု ဂတ်တူဆိုက ပြောသည်။ အခြားပွဲစဉ်တစ်ခုတွင် လာ ဇီယိုက ဂယ်ဂလီယာရီကို ၂-၁ ဂိုးဖြင့် အနိုင်ရပြီး အီတာလီယာ ဖလားဗိုလ်လုပွဲအတွက် ယုံကြည် မှုတိုးပွားခဲ့သည်
No comments:
Post a Comment