
ထိုသို့ စစ်ဆေးခဲ့ရာ ဝါးရုံတောအတွင်းရှိ ပီနံအိတ်များအတွင်းမှ ရောင်စုံဆပ်ပြာခွက်များ ဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၁၇.၀၆ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၂၄၁.၄ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၄၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၆၈၀ သိန်း)နှင့် မြန်မာငွေ ၂၀၃ သိန်း တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ထို့ကြောင့် မဘိမ်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်လှစ်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ သိရသည်။
No comments:
Post a Comment