အင်ဂျင်နီယာပညာရှင်တစ် ဦးမျှ မပါဝင်ဘဲ ဒေသခံအလုပ် သမားများဖြင့်သာ တည်ဆောက်ခဲ့သည့် ယင်းတိုးချဲ့ရင်ပြင်ကို ဖွင့်လှစ်ထားသဖြင့် ခရီးသွားပြည်သူ များ အန္တရာယ်ဖြစ်မည်ကို ဘားအံမြို့ခံများအပါအဝင် ပြည်နယ် အစိုးရအဖွဲ့က စိုးရိမ်နေသည်။
ထို့ကြောင့် ထိုရင်ပြင် ပြုပြင်နိုင်ရန် အမေရိကန်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် အင်ဂျင်နီယာများကို ခေါ်ယူထားပြီး ၎င်းတို့ရောက်ရှိပါက ဇွဲကပင်ဆရာတော်နှင့်ညှိနှိုင်းမည်ဟု ပြည်နယ်အစိုးရအဖွဲ့ မွန်တိုင်းရင်းသားရေးရာဝန်ကြီး ဦးမင်းတင်ဝင်းကပြောသည်။
‘‘ပညာရှင်တွေခေါ်ထားပြီး ပြီ။ ဆရာတော်တို့နဲ့ ညှိနှိုင်းရဦး မယ်။ ပြည်သူတွေ အန္တရာယ်မဖြစ် အောင် အတတ်နိုင်ဆုံး လုပ်သွား မယ်’’ဟု ၎င်းက ဆိုသည်။
တိုးချဲ့ရင်ပြင်ကို ဦးစီးလုပ် ဆောင်ခဲ့သည့် ဇွဲကပင်တောင် ဆရာတော် ဘန္တန္ဒကဝိဓဇက ရင်ပြင်တော် ကြံ့ခိုင်မှုမရှိဟု ဝေဖန် နေသူများအနေဖြင့် ရင်ပြင်ပေါ်သို့ တက်ရောက်ကြည့်ရှုရန် မိန့်ကြား ကာ ၎င်းတို့ တည်ဆောက်ထား သော မှန်ရင်ပြင်သည် ကြံ့ခိုင်မှုရှိပြီး တူဖြင့် ရိုက်၍ပင် မကွဲနိုင် ကြောင်း မိန့်ကြားသည်။
တိုးချဲ့ရင်ပြင်ကို ကြံ့ခိုင်မှုရှိ စေရန် ပညာရှင်များဖြင့် ထပ်မံ ဖြည့်စွက် ပြင်ဆင်မည့်အပေါ် ဇွဲကပင်ဆရာတော်က လက်မခံ မည်ကို အစိုးရအဖွဲ့က စိုးရိမ်နေ သည်။
‘‘လာမလုပ်နဲ့။ လာစရာမလို ဘူးဆိုရင် ခက်ဦးမယ်’’ဟု ဦးမင်း တင်ဝင်းက ပြောသည်။ ယင်းနှင့် ပတ်သက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ အစည်းအဝေးသုံးကြိမ် လုပ်ခဲ့သည်။
မူလဇွဲကပင်ဘုရားရင်ပြင် သည် ကျဉ်းမြောင်းနေသဖြင့် ဘုရားဖူးခရီးသွားများ အဆင်ပြေစေရန်ဆိုကာ ရင်ပြင်တိုးချဲ့ခြင်း လုပ်ငန်းကို လုပ်ဆောင်ပြီး ထိုရင်ပြင်သည် အရှည် ၁၀၅ ပေ၊ အ ကျယ် ၁၇ ပေရှိသည်။ ရင်ပြင်ပေါ် တွင် မှန်ချပ် ၇၀ ကျော်ခင်းထားပြီး ရင်ပြင်အောက်၌ သံတိုင် ၁၈ တိုင် စိုက်ထူထားသည်။ ပျံလွန်ခဲ့သည့် မြိုင်ကြီးငူ ဆရာတော်နှင့် ဇွဲကပင်တောင် ဆရာတော်တို့ ဦးစီးလုပ်ဆောင် နေသည့် ဇွဲကပင် တောင်တက် လမ်းဖောက်လုပ်နေသည့်ကိစ္စကို လည်း ပြည်နယ်အစိုးရက အကြိမ်ကြိမ်တားမြစ်သော်လည်း မအောင်မြင်ဘဲ ဆက်လက် ဖောက်လုပ်နေသည်။
No comments:
Post a Comment