
“လူရွှင်တော်အသင်း(ရန်ကုန်)၏ နာယကကြီး ဟာသလူရွှင်တော်ဦးပေါ်လေးသည် ဘယ်ဘက်တစ်ခြမ်း လေဖြန်းသွားကြောင်း ကြားသိရပါ၍
လူရွှင်တော်အသင်း(ရန်ကုန်)ကိုယ်စားကူညီထောက်ပံ့ငွေ ၁ သိန်းကျပ်တိတိ သွားရောက်ကူညီထောက်ပံ့ပေးခဲ့ပါသည်။” ဆိုပြီး မေလ(၁၂) ရက်နေ့က လူရွှင်တော် အသင်းရဲ့ ပြန်ကြားရေး ကောင်းကျော်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။
ဦးပေါ်လေးတစ်ယောက် ကျန်းမာရေး အမြန်ဆုံး ကောင်းမွန်လာဖို့ကိုလည်း ပရိသတ်တွေ ဆုတောင်းလို့ နေကြပါတယ်။
လူရွှင်တော် ပေါ်လေးဟာ သဘင်လောကမှာသာသရုပ်ဆောင် နယ်ပယ်မှာပါ ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိထားသူလည်း ဖြစ်ပါတယ်။
သူ့ရဲ့ ဟာသပြတ်လုံးတွေ အနုပညာတင်ဆက်မှုတွေဟာ ပရိသတ်တွေအတွက် ဘဝအမောတွေ ပြေစေခဲ့သူပါ။ အဲဒါကြောင့်လည်း ပရိသတ်တွေက သူ့ရဲ့ အနုပညာတင်ဆက်မှုတွေကို မြင်ချင်သေးတာကြောင့် ကျန်းမာရေး အမြန်ကောင်းလာဖို့အတွက် ဆုတောင်းပေးထားကြပါတယ်။
No comments:
Post a Comment