၂၀၁၇ လွှတ်တော်ရွေးကောက်ပွဲတွေမှာ အလိမ်အညာတွေ ရှိတယ်လို့ အတိုက်အခံတွေက စွပ်စွဲရင်း ဆန္ဒပြနေကြပါတယ်။ ဒါ့အပြင် အစောပိုင်း ရွေးကောက်ပွဲအတွက် ဖိအားပေးတဲ့အနေနဲ့ လွှတ်တော်ကိုလည်း အဆက်ဖြတ်ထားခဲ့ကြပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ် အက်ဒီရာမာ အစိုးရကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
ဥရောပသမဂ္ဂနဲ့ အမေရိကန်တို့က အစိုးရကို တရားဝင် အသိအမှတ်ပြုပြီး အတိုက်အခံတွေ လွှတ်တော်ပြန်တက်ဖို့နဲ့ ဇွန် ၃၀ မှာ ကျင်းပမယ့် ဒေသန္တရ ရွေးကောက်ပွဲကို ပါဝင်ဆင်နွှဲဖို့ တိုက်တွန်းခဲ့ပါတယ်။
စနေနေ့ ဆန္ဒပြပွဲကို အဓိကအတိုက်အခံ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်က ဦးဆောင်ပါတယ်။ သူက ဝန်ကြီးချုပ်ဟာ အယ်လ်ဘေးနီးယားနိုင်ငံရဲ့ ဥရောပဆီတက်လမ်းကို ပိတ်ဆို့ထားတယ်လို့ စွပ်စွဲထားပါတယ်။
အယ်လ်ဘေးနီးယားနဲ့ မြောက်မက်ဆီဒိုးနီးယား နိုင်ငံတွေကို ဥရောပသမဂ္ဂအဖွဲ့ဝင် ဖြစ်လာစေဖို့ ညှိနှိုင်းဆွေးနွေးပွဲတွေ စတော့မလားဆိုတာ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက မဆုံးဖြတ်ခင် ၂ လအလိုမှာ ခုလို ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။
No comments:
Post a Comment