‘‘ကြံ့ခိုင်တဲ့ စီးပွားရေးမှာ ပိုပိုပြီး ရင်းနှီးမြှုပ်နှံဖို့ လူတွေက ယုံကြည်မှုရှိတယ်။ အလုပ်သမား ပိုမိုငှားရမ်းဖို့၊ ပိုပြီး တီထွင်ဖို့နဲ့ ပိုပြီးအလုပ်ကြိုးစားတယ်’’ဟု မောရစ် ဆင်က ပြောသည်။
ရွေးကောက်ပွဲသည် အ ကြိတ်အနယ် ရှိမည်ဖြစ်ကြောင်း လတ်တလော ကိန်းဂဏန်းများက ပြသနေသော်လည်း လူထုစစ်တမ်းများတွင် မောရစ်ဆင်အစိုးရ သည် ဘီလ်ရှောတန် ဦးဆောင်သော ဗဟို-လက်ဝဲ အလုပ်သမား ပါတီ၏ ဦးဆောင်ခြင်းခံနေရ သည်။
မောရစ်ဆင်၏ လစ်ဘရယ် ပါတီသည် လတ်တလောတွင် အကွဲအပြဲများဖြင့် လှုပ်လှုပ်ခတ် ခတ်ဖြစ်နေပြီး လေးနှစ်အတွင်း ခေါင်းဆောင်သုံးဦး ပြောင်းလဲခဲ့ သည်။
ယခု မဲဆွယ်စည်းရုံးရေးပွဲ သို့ ဝန်ကြီးချုပ်ဟောင်းနှစ်ဦးဖြစ် သော မဲလ်ကွန်တန်ဘူလ်နှင့် တိုနီ အဘော့ဘ်တို့ တစ်ဦးမျှ တက်ရောက်ခြင်းမရှိသလို ဩစတြေး လျကို ၁၉၉၆ မှ ၂၀၀၇ အထိ ဦးဆောင်ခဲ့သော ဝန်ကြီးချုပ် ဟောင်း ဂျွန်ဟောင်းဝပ်လည်း မတက်ရောက်ခဲ့ပေ။
No comments:
Post a Comment