‘‘ကျွန်တော့်ကို သွေးဆုတ် အောင်လုပ်ပြီး မီးရှို့ပစ်ကြမယ် ထင်တယ်’’ဟု အယ်လီဂရီက ဆက်လက်ပြောသည်။
ရိုးမားနှင့် စီးရီးအေပွဲမတိုင်မီ ပြောကြားရာတွင် အယ်လီဂရီက လာမည့်နှစ်အတွက် မိမိ၏ အစီ အစဉ်များကိုဆွေးနွေးရန် အသင်း ဥက္ကဋ္ဌ အန်ဒရေးအက်ဂ်နယ်လီနှင့် တွေ့ဆုံမည်ဟု ၎င်းကပြောသည်။
‘‘ကျွန်တော် ဆက်နေမယ်ဆို တာကို ဥက္ကဋ္ဌကို ပြောထားပြီးပါ ပြီ။ ဒါပေမဲ့ အခုတော့ စကားပြော ရဦးမယ်’’ဟု အယ်လီဂရီကပြောသည်။
‘‘ဂျူဗင်တပ်အသင်းသစ်ကို ကျွန်တော့်စိတ်ကူးထဲမှာ ပုံဖော် နေတာ ခြောက်လလောက်ရှိပါ ပြီ။ ဒါပေမဲ့လည်း အက်ဂ်နယ်လီ နဲ့ ပထမတွေ့ဆုံသွားပါမယ်’’ ဟု ဂျူဗင်တပ်နည်းပြက ဆက်လက် ပြောသည်။
အီတာလီယာဖလားပြိုင်ပွဲတွင် အတ္တလန်တာကို ရှုံးနိမ့်သော ဂျူဗင်တပ်သို့ အယ်လီဂရီမတိုင်မီ စကူဒတ်တိုဖလားသုံးကြိမ် ရရှိခဲ့ သော နည်းပြဟောင်းကွန်တီ ပြန်လာမည်ဟု သတင်းထွက်နေ သည်။
ကွန်တီအပြင် လာဇီယိုနည်း ပြ အင်ဇာဂီ၊ စပါးမှ ပိုချက်တီနို၊ ပြင်သစ်နည်းပြ ဒက်စ်ချမ့်တို့ ရောက်လာ နိုင်သည်ဟုလည်း သတင်းများက ဖော်ပြသည်။
‘‘ကျွန်တော့်နေရာ ဆက်ခံ မယ့်လူတွေအကြောင်း ကောလာ ဟလက ကစားပွဲရဲ့တစ်စိတ်တစ် ပိုင်းပါ’’ဟု အယ်လီဂရီ(၅၁ နှစ်)က ပြောကြားပြီး အေဂျက်ဇ်နှင့်ပွဲ မတိုင်မီကပင် မိမိအနေဖြင့် အသင်းတွင် ဆက်နေမည်ဟု အသင်းဥက္ကဋ္ဌအား ပြောထားပြီး ဥက္ကဋ္ဌ ကလည်း ၎င်းကို အလိုရှိသည်ဟု ပြောကြောင်း အယ်လီဂရီကပြောသည်။
No comments:
Post a Comment