
”နမောတဿ”သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး၊ နိုင်ငံတော် သြ၀ါဒါစရိယ၊ အဘိဓဇမဟာရဌဂုရု၊ ရွှေကျင်နိကာယာဓိပတိဥက္ကဌ မဟာနာယက ဓမ္မသေနာပတိ ပန္နရသမ ရွေကျင်သာသနာပိုင် ၀ိဇ္ဖောတာရုံ ဆရာတော်ဘုရားကြီးထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။
တိပိဋကဓရ စာမေးပွဲအောင်ဆရာတော်များမှာ ဥဘတောဝိဘင်္ဂကောဝိဒ ဘွဲ့တံဆိပ်တော်ရ အရှင် အဂ္ဂ၀ံသာလင်္ကာရ၊ ဥဘတောဝိဘင်္ဂဓရ ဘွဲ့တံဆိပ်တော်ရ အရှင်တေဇာနန္ဒာလင်္ကာရနှင့် ဥဘတောဝိဘင်္ဂဓရ ဘွဲ့တံဆိပ်တော်ရ အရှင်ပညာဝံသာလင်္ကာရတတို့ဖြစ်ကြပြီး အဆိုပါ ဆရာတော်များအတွင် မဟာဂန္ဓာရုံ အမရပူရဆရာတော် အရှင်သုဇနာဘိဝံသ ရေးသားဂုဏ်ပြုအပ်သော ဂါထာတော်များကို နိုင်ငံတော် မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ ပ္ဋိကတ်တစ်ပုံခွဲအောင် သီတဂူကြာပွင့် ရွှေပြည်ဟိန်းဆရာတော် ဘဒ္ဒန္တ ခေမာသိရီလင်္ကာရမှ ရွတ်ဖတ်ဂုဏ်ပြုပူဇော်ခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်း သံဃနာယကအဖွဲ့ ဥက္ကဌ(ရွှေကျင်) တိပိဋကဓရ ရွေးချယ်ရေးအဖွဲ့ကြီး၏ သြ၀ါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ ပါဠိကာရီဆရာတော်ဘုရာကြီး ဒေါက်တာ ဘဒ္ဒန္တအင်္ဂီသထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကာ ”ဗုဒ္ဓသာသနံ စိရတိဌတု”သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
No comments:
Post a Comment