ကီကီဘာတန်သည် ၎င်း၏ ကိုးခုမြောက်ဖလားနှင့်အတူ ဆု ကြေးယူရို ၁ ဒသမ ၂ သန်း ရရှိ ကာ ပြီးခဲ့သည့်နှစ်က ကစ်တိုဗာ ကို ဗိုလ်လုပွဲ၌ ရှုံးနိမ့်သည့် မှတ် တမ်းကိုလည်း ကျော်လွှားနိုင်ခဲ့သည်။
ဟာလက်သည် လေးနှစ်အ တွင်း မက်ဒရစ်တွင် တတိယအ ကြိမ် အောင်ပွဲခံရန် ကြိုးစားခဲ့ သော်လည်း ဘာတန်ကို မယှဉ်နိုင် ဘဲ ကမ္ဘာ့နံပါတ်(၁)နေရာနှင့် ဝေးခဲ့သည်။
ဘာတန်က ထိုက်တန်စွာ ဖလားရရှိပြီး မက်ဒရစ်အိုးပင်း တွင် ပွဲငယ်တစ်ပွဲမျှမရှုံးဘဲ ချန် ပီယံဖြစ်သည့် ပထမဆုံးတင်းနစ် မယ်ဖြစ်လာသည်။
ယခုအထောက်အထား အ တိုင်းဆိုလျှင် ဘာတန်သည် ယခု လနှောင်းပိုင်းတွင် ကျင်းပမည့် ပြင်သစ်အိုးပင်း၌ ဖလားစိန်ခေါ်သူများအနက် တစ်ဦးအဖြစ် ရေပန်းစားမည်ဖြစ်သည်။ ၂၀၁၆ ပြင်သစ်အိုးပင်းတွင် ဘာတန်က အကြိုဗိုလ်လုပွဲအထိ တက် ရောက်ပြီး ဆီရီနာဝီလီယမ်ကို ရှုံးနိမ့်ခဲ့သည်။
‘‘ဒီဖလားရတာ ကျွန်မ အ ရမ်းပျော်ပါတယ်။ မနှစ်က ဗိုလ် လုပွဲရောက်ပြီးတဲ့နောက်မှာ ဒါက ကျွန်မအဖို့ အရမ်းအဓိပ္ပာယ်ရှိပါ တယ်’’ဟု ဘာတန်က ပြောကြား သည်။
No comments:
Post a Comment