
အချင်းနဲ့ချိတ်နေသေးတဲ့ကလေးကို သူ့ဆေးခန်းခေါ်လာပြီး ကလေးရဲ့အသက်ရှူလမ်းကြောင်းထဲက အရည်တွေကိုစုပ်ထုတ်ခဲ့သလို ပန်းရောင်ပြန်သမ်းလာတဲ့အထိ အောက်ဆီဂျင်ပေးခဲ့ပါတယ်။ အဲဒီနောက် ကလေးငယ်က ကိုယ်တိုင်အသက်ရှူနိုင်ပြီး အော်ငိုနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကလေးနဲ့မိခင်ကို အနားမှာရှိတဲ့ဆေးရုံတစ်ရုံမှာ တင်နိုင်ခဲ့ပါတယ်။ Min K Wg ဆိုတဲ့အကောင့်နဲ့ ထိုင်းဖေ့စ်ဘွတ်သုံးသူတစ်ယောက်က အဲဒီဖြစ်ရပ်ကို ဗီဒီယိုရိုက်ပြီး ဖေ့စ်ဘွတ်မှာ ပြန်မျှဝေခဲ့ပါတယ်။
တင်ပြီး ၁၄ နာရီအကြာမှာ Likeလုပ်ထားတဲ့လူ ၁၇၀၀၀၀ ကျော်ရှိပြီး လူ ၁၂၇၈၈၂ ယောက်က ပြန်ဝေမျှခဲ့ပါတယ်။
Kanpirom Kanesom Numtal ဆိုတဲ့ဖေ့စ်ဘွတ်အကောင့်က “ကလေးလေးကို ကယ်ခဲ့တဲ့ ဆရာဝန်မချောချောလေးကို ကျေးဇူးတင်ပါတယ်”လို့ မှတ်ချက်ပြုထားပြီး Pon Chareontoဆိုတဲ့ အကောင့်ကတော့ “အံ့သြစရာကောင်းလိုက်တာ။ ကလေးလေး အသက်ရှင်ပါစေလို့ ဆုတောင်းနေတာ။ ကျေးဇူးပါဒေါက်တာရေ”လို့ မှတ်ချက်ပြုထားသလို Jeab Mattanaဆိုတဲ့အကောင့်ကတော့ “ကလေးလေးအသက်ရှင်ပါစေလို့ ဆုတောင်းနေတာ။ ဆရာဝန်မလေးက ချောလည်းချောတယ်။ စိတ်ကောင်းလည်းရှိတယ်။ တက္ကဆီတွေလိုမဟုတ်ဘူး”လို့ မှတ်ချက်ပြုထားပါတယ်။
No comments:
Post a Comment