တရုတ်နိုင်ငံ၊ Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ Baise မြို့မှာ ဘားဆိုင်တစ်ခုရဲ့ အမိုးပြိုကျမှုကြောင့် လူ(၃)ဦးသေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV မှာထုတ်ပြန်ထားပါတယ်။ ဒီမတော်တဆမှုဟာ အခုလ(၂၀)ရက်နေ့ နံနက်(၁)နာရီခန့်ကဖြစ်ပွားခဲ့တာပါ။ (၃)ထပ်အဆောက်အအုံရဲ့ထိပ်ဆုံးထပ်မှာဖွင့်ထားတဲ့ "1076" လို့ခေါ်တဲ့ ဘားဆိုင်ရဲ့အမိုးက ပြိုကျခဲ့တာဖြစ်ပါတယ်။ လူ(၁၉)ဦးကိုတော့ အပျက်အစီးတွေကြားကနေ ကယ်ဆယ်နိုင်ခဲ့ ပေမယ့်၊ အထဲမှာလူ(၄)ဦးပိတ်မိနေသေးတာကြောင့် ကယ်ဆယ်ရေးလုပ်သားတွေက ဆက်လက်ကယ်ဆယ်နေပါ တယ်။ ဒဏ်ရာရသူ(၉)ဦးရှိပြီး၊ တစ်ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့ ရိုက်တာသတင်းမှာဖော်ပြထား ပါတယ်။
Pages
Tuesday, May 21, 2019
တရုတ်နိုင်ငံတွင် ဘားတစ်ခု၏ အမိုးပြိုကျ၊ လူ(၃)ဦးထက်မနည်းသေဆုံး
တရုတ်နိုင်ငံ၊ Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ Baise မြို့မှာ ဘားဆိုင်တစ်ခုရဲ့ အမိုးပြိုကျမှုကြောင့် လူ(၃)ဦးသေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV မှာထုတ်ပြန်ထားပါတယ်။ ဒီမတော်တဆမှုဟာ အခုလ(၂၀)ရက်နေ့ နံနက်(၁)နာရီခန့်ကဖြစ်ပွားခဲ့တာပါ။ (၃)ထပ်အဆောက်အအုံရဲ့ထိပ်ဆုံးထပ်မှာဖွင့်ထားတဲ့ "1076" လို့ခေါ်တဲ့ ဘားဆိုင်ရဲ့အမိုးက ပြိုကျခဲ့တာဖြစ်ပါတယ်။ လူ(၁၉)ဦးကိုတော့ အပျက်အစီးတွေကြားကနေ ကယ်ဆယ်နိုင်ခဲ့ ပေမယ့်၊ အထဲမှာလူ(၄)ဦးပိတ်မိနေသေးတာကြောင့် ကယ်ဆယ်ရေးလုပ်သားတွေက ဆက်လက်ကယ်ဆယ်နေပါ တယ်။ ဒဏ်ရာရသူ(၉)ဦးရှိပြီး၊ တစ်ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့ ရိုက်တာသတင်းမှာဖော်ပြထား ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment