ယင်းဇာတ်ကားရိုက်ကူးရေး ပါဝင်သည့်သရုပ်ဆောင်အားလုံး နှင့်အတူကြိုတင်ပြင်ဆင်နေပြီး ယင်းဇာတ်ရုပ်အတွက် စကား ပြောသည့်ပုံစံကိုပါ ပြောင်းလဲနိုင် ရန် လေ့ကျင့်နေကြောင်း ယဉ် လက်ကဆိုသည်။
‘‘ဖိုက်တင်ကလည်း ကိုယ့် အတွက်ခက်ခဲတာပဲ။ စွန့်စားရ တယ်။ ကျိုးပဲ့တယ်။ လွယ်ကူ တယ်လို့တော့ ပြောလို့မရဘူး။ အကဆိုရင်လည်း မြန်မာ့ရိုးရာ အကတင်မဟုတ်ဘူး။ ဆန်းသစ် ထားတဲ့ အကတွေရောဆိုတော့ ပိုပြီးခက်ခဲတယ်’’ ဟု ယဉ်လက် က ပြောသည်။
ဗီဒီယိုရိုက်ကူးထားသည့်ဖိုက်တင်ဇာတ်လမ်းများရှိသကဲ့သို့ပရိသတ်ထင်မှတ်မထားသည့် ပုံစံဖြင့် ရိုက်ကူးထားသည့် ဇာတ် ကားများလည်း ထွက်ရန်ရှိ ကြောင်း၊ ဇာတ်လမ်း တွဲအနေဖြင့် ‘လောကကြိုးဝိုင်း’ ဇာတ်လမ်းတွဲ တွင် ပါဝင်သရုပ်ဆောင်ထားပြီး ယင်းဇာတ်လမ်းတွဲကိုလည်း ရင် ခုန်နေကြောင်း ၎င်းကပြောသည်။ ‘‘လောကကြိုးဝိုင်းဇာတ် လမ်းတွဲက မြှုပ်ထားတဲ့ဇာတ် ကွက်တွေလည်း ရှိသေးတယ်။ မြှုပ်ထားတဲ့ဇာတ်ကောင်တွေ လည်းရှိသေးတယ်။ အဲဒီစီးရီး လေးကို ကိုယ်လည်းမကြည့်ရ သေးဘူး’’ ဟု ယဉ်လက်ကပြော သည်။
No comments:
Post a Comment