နောက်ပိုင်းတွင် ပြည်တွင်း၊ ပြည်ပခရီးများကို အချိန်ပေးသွား ဖြစ်သည့်အပြင် ၎င်း၏လှုပ်ရှား မှုများကို အင်တာဗျူးဖြေခြင်း ထက် Fan Group များ၌သာ ပြောပြဖြစ်ကြောင်း ယုသန္တာတင် က ဆိုသည်။
‘‘ယု ခရီးသွားတယ်၊ စား တယ်၊ မပျောက်ဘူး။ အခုနောက် ပိုင်း ကိုယ်နဲ့ရင်းနှီးတဲ့မီဒီယာတချို့ လောက်ပဲ အင်တာဗျူးဖြေဖြစ် တယ်။ နောက်ပိုင်းကျတော့ ကိုယ့်ရဲ့လှုပ်ရှားမှုလေးတွေကို Fan Group လေးတွေမှာပဲပြော ပြဖြစ်တယ်။ အင်တာဗျူးကဖြေ တာနည်းတယ်’’ ဟု ၎င်းကပြော သည်။
လက်ရှိအချစ်ရေးနှင့်ပတ် သက်ပြီး အပျိုကြီးဖြစ်နေ၍ မစွံ သေးခြင်းဖြစ်ကြောင်း ယုသန္တာ တင်က ပြောသည်။
‘‘မယူဘူးလို့တော့ မပြောပါ ဘူး။ ကိုယ်ပျော်ပျော်နေမယ်၊ ကိုယ့်အလုပ်ကိုယ်လုပ်မယ်၊ ကိုယ်စားချင်၊ သွားချင် သွားစား မယ်။ အဓိကစိတ်သွားတိုင်း ကိုယ့်ကို နားလည်ပေးနိုင်တဲ့သူမျိုး ရှိခဲ့ရင် လက်ခံပေးမှာပါ’’ ဟု အ ချစ်နှင့်ပတ်သက်၍ ၎င်းကပြော သည်။
အနုပညာပျိုးခင်းက တက် လာသည့် မင်းသမီးတစ်ဦးဖြစ် သည့်အပြင် ၎င်းတို့အပေါ်၌ပျိုး ခင်းမှ ဆရာများ၏ ကျေးဇူးသည် ယနေ့အထိရှိသည်ဟုဆိုသည်။
‘‘ပျိုးခင်းက ဆရာတွေရဲ့ ကျေးဇူးက အခုချိန်ထိရှိပါတယ်။ အခုချိန်ထိ နေရာပေးခံရတာ၊ ဦး စားပေးခံရတာ၊ အလုပ်လုပ်လို့ အဆင်ပြေတာ အားလုံးက ဆရာ တွေရဲ့ မျက်နှာကြောင့်၊ သူတို့ရဲ့ အရှိန်တွေကြောင့် အများကြီးပါ ပါတယ်’’ ဟု ၎င်းကပြောသည်။ လက်ရှိအနုပညာလှုပ်ရှားမှု အနေဖြင့် ‘မကြောက်ခုနစ်လီ အောင်ထွန်းကြည်’ ရုပ်ရှင်ရိုက် ကူးထားပြီး ပွဲတက်နှင့် ဓာတ်ပုံ ရိုက်ကူးရေးများ လက်ခံထား ကြောင်း ယုသန္တာတင်က ပြော သည်။
No comments:
Post a Comment