
အီဖယ်မျှော်စင်ပေါ်ကို တွယ်တက်ခဲ့တဲ့ အမျိုးသားက အသက် ၄၀ ကျော်အရွယ် ဖြစ်ပုံရပြီး ခုန်ချမယ်လို့ ခြိမ်းခြောက်ခဲ့သေးကြောင်း RT သတင်းက ဖော်ပြပါတယ်။ ရဲတပ်ဖွဲ့နဲ့ အရေးပေါ်ကယ်ဆယ်ရေးသမားတွေက ထိုအမျိုးသားနဲ့ ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရပါတယ်။ အီဖယ်မျှော်စင်ကို တွယ်တက်ခဲ့တဲ့ အမျိုးသားဟာ မျှော်စင်ရဲ့အမြင့် ပေ ၉၀၀ ကျော်နေရာမှာ ရောက်ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။
ယခုဖြစ်ရပ် ဖြစ်ပေါ်ခဲ့ပြီးနောက် အီဖယ်မျှော်စင်ရဲ့ Twitter အကောင့်မှတစ်ဆင့် 'မျှော်စင်ကို နောက်ထပ် အသိပေးချက် မထုတ်ပြန်မချင်း လက်ရှိမှာ ပိတ်ထားပါတယ်၊ ခရီးသွားတွေ လာရောက်လည်ပတ်ခြင်းမပြုကြဖို့ တိုက်တွန်းပါတယ်' လို့ ရေးထားခဲ့ပါတယ်။
ထို့နောက် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၁၅ မိနစ်မှာတော့ အီဖယ်မျှော်စင်ပေါ်ကို တွယ်တက်ခဲ့တဲ့ အမျိုးသားကို ဖမ်းဆီးလိုက်ပြီဖြစ်ပြီး လက်ရှိ အခြေအနေအရ အကြမ်းဖက်သမား တိုက်ခိုက်မှုမဟုတ်ကြောင်း BFM TV ရုပ်မြင်သံကြားသတင်းဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်းကလည်း လူငယ်အမျိုးသားတစ်ဦးက အီဖယ်မျှော်စင်ပေါ်ကနေ ခုန်ချသတ်သေမယ်လို့ ခြိမ်းခြောက်ခဲ့တာကြောင့် ရွှေ့ပြောင်းမှုတွေလုပ်ခဲ့ရဖူးပါတယ်။ အဆိုပါ အမျိုးသားကို ရဲတပ်ဖွဲ့က ဖျောင်းဖြစည်းရုံးပြီး ဟန့်တားနိုင်ခဲ့ကြောင်း သိရပါတယ်။
၁၈၈၉ ခုနှစ်မှာ တည်ဆောက်ပြီးစီးကာ စတင်ဖွင့်လှစ်ခဲ့တဲ့ အီဖယ်မျှော်စင် (Eiffel Tower) ရဲ့ သက်တမ်းဟာ ယခုနှစ်မှာ နှစ်ပေါင်း ၁၃၀ ပြည့်မြောက်ခဲ့ပြီလည်း ဖြစ်ပါတယ်။ အီဖယ်မျှော်စင်ကို တစ်နှစ်လျှင် လူဦးရေခြောက်သန်းကျော် လာရောက်လည်ပတ်လေ့ရှိတယ်လို့ Daily Mail သတင်းမှာ ဖော်ပြပါတယ်။
No comments:
Post a Comment