Pages
Tuesday, May 21, 2019
မလေးရှားမှာ မြန်မာသုံးဦး သေဆုံးမှု လူမှောင်ခိုမှုနဲ့ စုံစမ်းနေ
မလေးရှားနိုင်ငံ Bukit Merah ဘူကစ် မဲရားဒေသမှာ ယာဉ်မတော်တဆဖြစ်မှုကြောင့် မြန်မာနိုင်ငံသား သုံးဦး သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး သံသယရှိသူ နှစ်ဦးကို တနင်္ဂနွေနေ့က ဖမ်းဆီးလိုက်တယ်လို့ မလေးရှားရဲတပ်ဖွဲ့က ပြောပါတယ်။ ဖမ်းဆီးထားတဲ့ မလေးရှား တဦးနဲ့ မြန်မာတဦးကို လူမှောင်ခိုမှုနဲ့ စွဲချက်တင်ထားပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရနိုင်ပါတယ်။ မြန်မာနိုင်ငံသားတွေကို ထိုင်းနိုင်ငံကနေ အပြည့်အကျပ် တင်ဆောင်မောင်းနှင်လာစဉ်မှာ ယာဉ်မတော်တဆမှုဖြစ်ခဲ့ပြီးနောက် အဲဒီကားပေါ်ပါလာတဲ့ တခြား မြန်မာ ခုနှစ်ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။ ဒီအမှုရဲ့ နောက်ကွယ်မှာ လူမှောင်ခိုဂိုဏ်းကြီးတစ်ခု ရှိနိုင်တဲ့အတွက် စုံစမ်းနေတယ်လို့ မလေးရှားရဲက ပြောပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment